နေပြည်တော် ဧပြီ ၂၅
ရွှေပြည်သစ် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ပြည်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်း လီမိ တက်တို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေး တိုင်းဒေသကြီး သမဝါယဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိက ဦးမျိုးဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက အမှာစကား ပြောကြားသည်။
ထို့နောက် အသင်းများ၏ ဘဏ္ဍာရေး ရှင်းတမ်း၊ လုပ်ငန်းအစီးရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားပြီး အမှုဆောင်အဖွဲ့ဝင်များကို အသင်းသားများက အဆိုပြု ထောက်ခံရွေးချယ်ပြီး အတည်ပြုကာ အမှုဆောင်အဖွဲ့ဝင်များအား တာဝန်ခွဲဝေသတ်မှတ်၍ သဘာပတိရှေ့မှောက်၌ ကတိသစ္စာခံယူ၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲသို့ မန္တလေးတိုင်း ဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။
(သတင်းစဉ်)