ရှေ့နေလည်းမှားတတ်သည် တရားသူကြီးလည်း မှားတတ်သည်နှင့် စီရင်ထုံးကိုးကား ဥပဒေပညာပေး ဆောင်းပါးများ

၁ ဖေဖော်ဝါရီ

 

ဆရာစိန်လှိုင်ဗိုလ် ရေးသားသော ရှေ့နေ လည်းမှားတတ်သည် တရားသူကြီးလည်း မှားတတ်သည်နှင့် စီရင်ထုံး ကိုးကား ဥပဒေပညာပေး ဆောင်းပါးများ စာအုပ် ထွက်ရှိထားသည်။ တရားဥပဒေ အကြောင်း အများပြည်သူများ လက်လှမ်းမီစေရန် သိသင့်သိထိုက်သော တရားဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အတွေ့အကြုံ များကိုအခြေခံကာ ဆောင်းပါးများ အသွင်ဖြင့် တစ်စုတစ်စည်းတည်း ဖော်ပြ ထားသည်။ ရဲစခန်းတွင် တိုင်ချက်ဖွင့်ရာ တွင် တွေ့ ကြုံရသည့် အခက်အခဲအချို့ကို လည်း တင်ပြထားပြီး အများပြည်သူများ ကြားတွင် အငြင်းပွားလေ့ရှိသော အမွေ ဆက်ခံခွင့်ဆိုင်ရာကိစ္စများ၊ စွန့်လွှတ် ကွာရှင်းမှု၊ စာချွန်တော်အကြောင်း တစေ့တစောင်း၊ မြန်မာ့ဓလေ့ထုံးတမ်း အရ သေတမ်းစာပြုလုပ်၍ ပစ္စည်းခွဲဝေခွင့် ရှိ မရှိ အစရှိ သည်တို့ကို တင်ပြထားသည်။

 

4

 

ဤစာအုပ်သည် တရားဥပဒေ နယ်ပယ်တွင် အသက်မွေးမှုပြုနေသူတို့ အတွက်သာမက၊ ဥပဒေနှင့် အကျွမ်း တဝင် မရှိသောသူများအတွက်ပါ ဗဟု သုတများစေနိုင်သော စာအုပ်ဖြစ်သည်။ တန်ဖိုးမှာ ငွေကျပ် ၃၅၀ဝ $ဖြစ်ပြီး ဝန်ချတောင်စာပေမှ ထုတ်ဝေခြင်းဖြစ် သည်။ အုပ်ရေတစ်ထောင် ထုတ်ဝေ ထားကြောင်း သိရသည်။

 

မြန်မာ့အလင်း စာအုပ်စင်