ရောဘတ်ဒေါင်နေစီနီယာ ကွယ်လွန်

ကျော်ကြားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်သူ မင်းသားကြီး ရောဘတ်ဒေါင်နေစီနီယာဟာ လတ်တလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် အရွယ်ရှိပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Iron Man အဖြစ် ပင်တိုင်သရုပ်ဆောင်ခဲ့သူမင်းသား ရောဘတ်ဒေါင်နေဂျူနီယာရဲ့ ဖခင်ဖြစ်သူ မင်းသားကြီး ရောဘတ်ဒေါင်နေစီနီယာဟာ ဇူလိုင် ၇ ရက်က နယူးယောက်မှာရှိတဲ့ နေအိမ်မှာပင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မင်းသားကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်းကို ရောဘတ်ဒေါင်နေ ဂျူနီယာ က ဇူလိုင် ၇ ရက်မှာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

ရောဘတ်ဒေါင်နေစီနီယာဟာ ပါကင်ဆန်ရောဂါကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် ထိုရောဂါ ဖြင့်ပင် ကွယ်လွန်ခဲ့တာပါ။ ရောဘတ်ဒေါင်နေဂျူနီယာရဲ့ ရေးသားဖော်ပြချက်အရ မင်းသားကြီးဟာ အိပ်ပျော်နေစဉ်မှာပင် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့ရဲ့ဇနီးဖြစ်သူလည်း အနားမှာ ရှိနေကြောင်းလည်း သိရပါတယ်။

အေးပြည့်