ပျဉ်းမနားမြို့နယ်၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၁၂      ဖေဖော်ဝါရီ

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှိ အစည်အဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက နိုင်ငံတော်အလံအား အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ပျဉ်းမနားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိုက်ဝေဖြိုးက ဖတ်ကြားခဲ့သည်။

 

စိုးမိုး(ပြန်/ဆက်)