ပြည်တွင်းထွက်သီးနှံများအားတန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်ခိုင်မာသောဈေးကွက်တစ်ခုရရှိစေရန်တရုတ်ကုမ္ပဏီတစ်ခုမှလာရောက်ဆွေးနွေး

mdn

ပဲခူး ၆ ဇွန်  

 

ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောဈေးကွက်တစ်ခုရရှိစေရန် တရုတ်နိုင်ငံအခြေစိုက် China Assurance Finance Group Limited- Nanning Commodity Exchange မှ လုပ်ငန်းရှင်များသည်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ထံသို့ ဇွန် ၆ ရက် နံနက် ၁၀ နာရီက လာရောက်တွေ့ဆုံခဲ့သည်။

 

ရှေးဦးစွာ China Assurance Finance Group Limited- Nanning Commodity Exchange, CEO က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး တောင်သူလယ်သမား အများစုနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီသည်စိုက်ပျိုးရေး လုပ်ငန်းများမှထွက်ရှိသည့် သီးနှံများအား တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသော ဈေးကွက်တစ်ခု ဖန်တီးပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊တောင်သူများအား အဆင့်မြင့်နည်းပညာ၊ စိုက်ပျိုးစရိတ်တို့အား ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပြီးနိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ကုန်စည်ဒိုင်တစ်ခုကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်  အများစုဖြစ်သော တောင်သူလယ်သမားများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊အဓိကအားဖြင့် တောင်သူများ၏သီးနှံထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု အပြင်ပြည်ပပို့ကုန်များပေါ်တွင် မှီခိုနေရကြောင်း၊ သီးနှံအရည်အသွေးလျော့ကျခြင်းသည် နည်းပညာကြောင့်ဖြစ်ပြီး ထိုက်သင့်သည့်ဈေးနှုန်းမရရှိခြင်းမှာ ဈေးကွက်ပျောက်ဆုံးနေမှုကြောင့်ဖြစ်ကြောင်း၊ ယခုအခါ အဆွေအတော်တို့ ကုမ္ပဏီမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း၊နည်းပညာပံ့ပိုးပေးခြင်း၊ ခိုင်မာသော ဈေးကွက်တစ်ခုဖန်တီး ပေးရန်ရောက်ရှိလာခြင်းကို ကြိုဆိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း ဥပဒေနှင့်အညီ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း နှင့်သက်ဆိုင်ရာဌာနဆိုင်ရာ  အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ခရိုင်ပြန်/ဆက်)