ပြည်ပနိုင်ငံများသို့ ပျားရည်တန်ချိန် ၁၂၀ဝ ခန့်အား သုံးလအတွင်း တင်ပို့ထားနိုင်ခဲ့

မန္တလေး ၁၅ ဇန်နဝါရီ


ယခုဘဏ္ဍာနှစ်အစ သုံးလတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်တန်ချိန် ၁၂၀ဝ ခန့် တင်ပို့ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာနမှ သိရသည်။ 

 

00000


ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ  ပြည်ပသို့ ပျားရည်တင်ပို့မှု တန်ချိန်မှာ ၁၁၈၇ ဒသမ ၆ တန်ရှိကြောင်း သိရသည်။ 


"ဈေးနှုန်းကလည်း အရင်နှစ်တွေကထက်ပိုပြီး ရရှိတာကြောင့် ခုလိုတင်ပို့နိုင်တာပါ။ အဲ့တာကြောင့် ဘဏ္ဍာနှစ်မှာ ပြည်ပကိုတင်ပို့တဲ့ ပျားရည်တန်ချိန် တိုးလာဖို့များတယ်။ အရင်ဘဏ္ဍာနှစ်တွေနဲ့စာရင် တန်ချိန် ၁၀ဝဝ လောက် ပိုတိုးနိုင်တဲ့ အခြေအနေ ရှိနိုင်ပါတယ်" ဟု ပျားလုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 
ယခင်နှစ်များက ပျားရည်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၀ဝ မှ ၁၅၀ဝ ထိသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၀ဝ မှ ၁၇၀ဝ ထိ ရရှိနေကြောင်းသိရသည်။ 


လက်ရှိအချိန်အထိ ပျားရည်ကို စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်မှ  အများဆုံး ထွက်ရှိနေကြောင်း သိရသည်။ ယခု ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပျားရည်တင်ပို့ထားသည့် ပြည်ပနိုင်ငံများမှာ အမေရိကန်၊တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ နိုင်ငံတို့ဖြစ်ပြီး ပျားရည်အများဆုံး တင်ပို့ပေးထားသည့်နိုင်ငံမှာ ဂျပန် နိုင်ငံဖြစ်ကြောင်း သိရသည်။


သူရိန်လင်း