ပညာပွင့်ဝေဝေ စံပြစာစီစာကုံးများနှင့် အဆို ရေးသားဖြေဆိုနည်း

၃ ဇန်နဝါရီ

 

အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအတွက် အမျိုးသားစာပေဆုရ မောင်မြင့်ထွန်းစီစဉ်သည့် ပညာပွင့်ဝေဝေ စံပြစာစီစာကုံးများနှင့် အဆို ရေးသားဖြေဆိုနည်းစာအုပ် ထွက်ရှိလာသည်။

 

 

မန်မာစာစီစာကုံးကို ကောင်းစွာရေးသားနိုင်ရန်အတွက် ကျောင်းသား ကျောင်းသူတိုင်း ဆရာကြီးမင်းသုဝဏ်၏ အဆိုအမိန့် အတိုင်း စု၊ တု၊ ပြု ရပါမည်။ အရေးအသားကောင်းသော စာစီစာကုံး များကို ရှာဖွေစုဆောင်း သိမ်းဆည်းထားရပါမည်။ စာစီစာကုံးကောင်း များကို ဖတ်ရှုလေ့လာရပါမည်။ ထို့နောက် မိမိကိုယ်တိုင်ရေးသား လေ့ကျင့် တုပရပါမည်။ များများဖတ်၊ များများရေး၊ များများလေ့ကျင့်၍ သိမှတ်ဖွယ်ရာ၊ တိုးတက်ဖွယ်ရာများကို မှတ်သားထားရမည်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်