ပေါက် - ပခုက္ကူသွား ကားလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

ပေါက်              စက်တင်ဘာ                 ၂၈

 

မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ်တွင် စက်တင်ဘာ ၂၇ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါက် - ပခုက္ကူသွား ကားလမ်း ပေါက်မြို့ဦးထိပ် အင်းတောကျေးရွာအနီးတွင် သစ်ပင်များ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် ပေါက် - ပခုက္ကူသွားကားလမ်း ပေါက်မြို့ဦးထိပ် အင်းတော ကျေးရွာ အနီးတွင် လုံးပတ် သုံးပေခန့်၊ အမြင့်ပေ၄၀ ရှိ တမာပင်လဲကျပြီး  လမ်းပိတ်ဆို့မှုဖြစ်ခြင်း၊ ပေါက်မြို့နယ် ပေါက် - ပခုက္ကူသွား ကားလမ်း အုန်းတောကျေးရွာအနီးတွင် လုံးပတ် နှစ်ပေခန့်၊ အမြင့် ပေ ၃၀ ရှိ မယ်ဇလီပင် လဲကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ 

 

ဥမ္မာကျော်(ပြန်/ဆက်)