ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

ဟိုပုံး   အောက်တိုဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီ ကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီ များအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယမန်နေ့က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ဈေးတွင် ရောင်းချပေးနေကြောင်းသိရသည်။

 ဟိုပုံးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဖက်တလမ်းမှအဆင်ပြေ ကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာ ၅၃၀၀ ကျပ်နှုန်း ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ရှမ်းပြည်နယ် ဆီကုန်သည်များအသင်းဝင် သမာဓိစားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဝယ်လုပ်ငန်းရှင်မှ Mobile ကားဖြင့်လိုက်လံရောင်းချလျှက်ရှိကြောင်း သိရသည်။ 

အဆိုပါ Mobile ကားဖြင့်ရပ်ကွက် /ကျေးရွာနေပြည်သူများလက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာရောင်းချပေးလျှက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)