နဝမအကြိမ် MSMEs Products ဒေသတွင်းပြပွဲပြိုင်ပွဲတွင် ထုတ်ကုန်(၃၂)မျိုး ဝင်ရောက်ယှဉ်ပြိုင်

မြိတ်  ၂၆  ဇန်နဝါရီ 

 

နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲ (တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့)ကို ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းမှ ၂၇ ရက်အထိ သုံးရက် ကျင်းပပြုလုပ်မည်ဖြစ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသတွင်းနှင့် တခြားပြည်နယ်တိုင်းဒေသကြီးတို့မှ လုပ်ငန်းရှင်များမှ ထုတ်ကုန် (၃၂)မျိုး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

DSC09

 

ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စစ်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စသည့်ဌာနဆိုင်ရာ(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ MSME Agency မှ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်နှင့်  စီးပွားရေးပညာရှင်များမှ အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ကြကာ တနင်္သာရီတိ်ုင်းဒေသကြီးနှင့် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသေးစားလုပ်ငန်း ထုတ်ကုန်(၁၁)မျိုး၊ အငယ်စားလုပ်ငန်းထုတ်ကုန်(၁၄)မျိုးနှင့် အလတ်စားလုပ်ငန်းထုတ်ကုန်(၇)မျိုး စုစုပေါင်းထုတ်ကုန် (၃၂)မျိုးကို စီစစ်အကဲဖြတ် အမှတ်ပေးကြသည်။

 

DSC095

 

ပြိုင်ပွဲဝင်ရာတွင် ကစော်ဆီ၊ ဇီဝဇိုးငှက်သိုက်(အရည်)နှင့် တခြားကျန်းမာရေးအထောက်အကူပြု စားသောက်ကုန်များ၊ ဝါးနှင့်ကြိမ်ဖြင့်ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ ခေါင်းလျှော်ရည်နှင့် သနပ်ခါး၊ သံရည်ကျိုလုပ်ငန်းထုတ်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများစသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားထုတ်ကုန်(၃၂)မျိုး ဝင်ရောက်ယှဉ်ပြိုင်ကြကာ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ လုပ်ငန်းရှင်များ၏ ထုတ်ကုန်(၂၇)မျိုးနှင့် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းမှ လုပ်ငန်းရှင်များ၏ ထုတ်ကုန်(၅)မျိုးဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

DSC0