အသစ်ဆောက်လုပ်မယ့် ကွင်းခုနှစ်ကွင်းမှာ တစ်ကွင်းလုံး အေးစေမယ့် အဆင့်မြှင့်လေအေးပေးစက်နည်းပညာကို အသုံးပြုထားပါတယ်။ ကာတာနိုင်ငံရဲ့ ပြင်ပအပူချိန်ဟာ ၄၀ ဒီကရီစင်တီဂရိတ်ကျော်ပြီး စိုစွတ်ပူအိုက်မှုဟာ ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိနေပေမယ့် ဘောလုံးကွင်းထဲမှာ အပူချိန် ၂၃-၂၅ ဒီကရီ စင်တီဂရိတ်ကို ထိန်းထားမယ့်စနစ်ကို အသုံးပြုမှာဖြစ်ပါတယ်။