ငှက်တို့ရဲ့ ပွင့်လင်းဂီတပွဲတော်နှင့် အခြား ကလေးကဗျာများ

၁၀ ဇန်နဝါရီ

 

မောင်သာလင်းစီစဉ်ရေးသားသည့် ငှက်တို့ရဲ့ ပွင့်လင်းဂီတပွဲတော်နှင့် အခြား ကလေးကဗျာများစာအုပ် ထွက်ရှိလာသည်။

 

5

 

ကလေးကဗျာသည် ကလေးများအတွက်ဖြစ်ပြီး ကလေးများနားလည်လွယ် မည့် စကားနှင့် ရေးသားထားသည်။ တစ်ခါတစ်ရံ ကလေးလိုတွေးပြီး ရေးကာ တစ်ခါတစ်ရံ ဗဟုသုတပြောပြသလို ရေးသားထားသည်။ တစ်ခါတစ်ရံ ခံစား စာနာတတ်ဖို့ရေးပြီး တစ်ခါတစ်ရံ ယဉ်ကျေးလိမ္မာစေဖို့ ရေးသားထားသည်။ အထူးသဖြင့် လူကြီးအမြင်နှင့် ဇွတ်ဝင်မပြောမိစေဖို့၊ ဦးနှောက်ထဲ ရိုက်သွင်း သလို မဖြစ်မိစေဖို့ သတိထား၍ ရေးသားထားသည်။ အဆိုပါစာအုပ်တွင် ကလေးများကိုယ်တိုင်ဖတ်လို့ရမည့် ကဗျာများကို ဖော်ပြထားသည့်အပြင် လူကြီးမိဘများဖတ်ပြရမည့် ကဗျာများပါ ထည့်သွင်းဖော်ပြထားသည်။

 

ကြေးမုံ စာအုပ်စင်