နွားထိုးကြီးမြို့တွင် အိမ်ခြံမြေဈေးကွက်နှင့် ဆိုင်ခန်းငှားရမ်းခများမြင့်တက်နေ

mdn

နွားထိုးကြီး ၁၈ မတ် 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အိမ်ခြံမြေဈေးကွက်နှင့် ဆိုင်ခန်းခများမြင့်တတ် နေ၍ ဒေသခံဆင်းရဲသားများများအခက်တွေ့နေကြောင်း သိရှိရသည်။နွားထိုးမြို့ရှိ အိမ်ခြံမြေဈေးကွက်နှင့် ဆိုင်ခန်းငှားရမ်းခများမှာ တစ်နှစ်ထက် တစ်နှစ်မြင့် တတ်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

"အင်ကြင်းကျောက်ထွက်တဲ့ ကျွန်တော်တို့ နွားထိုးကြီးမြို့မှာ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုက ငွေကျပ်သိန်း ၃၀ဝ၀ ခန့် ပေးဝယ်ပြီးတဲ့နောက်မှာ တစ်နှစ်ထက်တစ်နှစ် ဈေးတက်လာတာပါ။ယခင်နှစ်က ငွေကျပ်သိန်း ၁၀ဝ လောက် ပေးရတဲ့ဝိုင်းက ငွေကျပ်သိန်း ၅၀ဝ အထိဖြစ်လာတယ်။မြင်းခြံ-နွားထိုးကြီး နွားထိုးကြီး-ပြင်စည် အစရှိတဲ့မြို့ တွေသွားတဲ့ လမ်းမတော်ဘက်မှာဆို ငွေကျပ်သိန်း ၁၀ဝ၀ အထိ ဈေးခေါ်လာကျတယ်။နောက်တစ်ခုက ဆိုင်ခန်းခတွေပါ။ဆိုင်ခန်းငှားရမ်းခတွေက လည်းမြင့်တက်လာတယ်။နိုင်ငံခြား ချေးငွေအသင်းတွေက ငွေကြေးပိုပေးပြီး ငှားရမ်းတာကနေ ဆိုင်ခန်းခတွေတက်လာတယ်။အိမ်လစာတိုက်ခန်းငှားရမ်းခ အကုန်တက် လာတယ်။ယခင် ငါးသောင်းကနေရှစ်သောင်းငှားတဲ့နေရာတွေက အခု ငါးသိန်းကနေ ခုနှစ်သိန်းအထိ ဖြစ်လာတယ်။

 

ဈေးဆိုင်ခန်းတွေလည်း အဲလိုပါပဲ။ယခင်က ၂၀ဝ၀ဝ ကျပ် ၃၀ဝ၀ဝ ကျပ်အခန်းတွေ ယခု ရှစ်သောင်း တစ်သိန်းအထိ မြင့်တက်နေပါတယ်။ဆိုင်ခန်းဆောက်လုပ်တဲ့ သူတွေအဆင်ပြေပြီး ဆိုင်ခန်းဆောက်သလောက် ငှားရမ်းရတယ်။ဈေးဆိုင်ခန်းတွေကို "မီးခိုးမထွက်တဲ့ စက်ရုံ"လို့တောင် တင်စားကြတယ်လေ။ ဆိုင်ခန်းငှားရမ်း နေထိုင်သူတွေကျတော့ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တတ်လာတော့ ဆိုင်ခန်းဈေးကွက်ထဲမှာ နှစ်ကုန် တော့တာပေါ့" ဟု ဆိုင်ခန်းငှားရမ်း၍ ဈေးရောင်းချနေသူ ဒေသခံတစ်ဦးမှ ပြောကြားသည်။

 

နွားထိုးကြီး မြို့နယ်တွင် ရပ်ကွက်ကြီး(၈)ခုရှိပြီး အုပ်စု(၇၂)အုပ်စုရှိကာ ကျေးရွာပေါင်း (၁၈၆) ရွာရှိနေသည်။ နွားထိုးကြီးမြို့နယ်တွင် အိမ်ခြေ(၅၀ဝ၀)ခန့်ရှိပြီး လူဦးရေ (၂၀ဝ၀ဝ)ကျော် နေထိုင်သောကြောင့် အခြေခံ လက်လုပ်လက်စား လူတန်းစားအများစုမှ နေထိုင်ရေးအတွက် တည်ငြိမ်သော အိမ်ခန်းငှားရမ်းခ ဆိုင်ခန်း ငှားရမ်းခ ဈေးကွက်များဖြစ်ပေါ်လာဖို့ မျှော်လင့်နေကြောင်း သိရသည်။

 

 

ဘိုဘို(မလှိုင်)