မြန်မာ့သရက် ကမ္ဘာ့ဈေးကွက်သို့ ခေါင်းစဉ်ဖြင့် မြန်မာ့သရက်ဈေးရောင်းပွဲတော် ကျင်းပမည်

mdn

မြန်မာ့သရက် ကမ္ဘာ့ဈေးကွက်သို့ ခေါင်းစဉ်ဖြင့် မြန်မာ့သရက်သီး ဈေးရောင်းပွဲတော်ကို ၃ ရက်တိတိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

သရက်ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ စီစဉ်သည့် မြန်မာ့သရက်သီးဈေးရောင်း ပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်း အတွင်းတွင် မေလ ၂၀ ၊ ၂၁ ၊ ၂၂ ရက်များတွင် ကျင်းပပြု လုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့သရက်ကို ကမ္ဘာကသိစေရန် နိုင်ငံခြားသားများ လာရောက်လည်ပတ်သည့် ကုသိုလ်တော်ဘုရားဝင်း အတွင်း ဈေးရောင်းပွဲတော် ပြုလုပ်ခြင်းဖြစ်သည်။

‘‘မြန်မာ့သရက်မှာဆိုရင် စိန်တလုံးကိုပဲ လူတိုင်းသိကြတယ်။ ဒီဈေးရောင်းပွဲမှာက မျိုးကွဲသရက်လည်းပါမယ်။ တခြားသရက်လည်း ဈေးကွက်ထဲဝင်လာနိုင်အောင် ဆောင်ရွက်တဲ့ သဘောပါ"ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေ အတွင်းရေးမှူး ကိုကျော်စိုးနိုင်မှ ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ သရက်သီးမျိုးစုံ ၊ သရက်ပျိုးပင်များ ၊ သရက်ထွက်ကုန်များ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ရောင်းချမည်ဖြစ်ပြီး ဆိုင်ခန်း ပေါင်း ၃၀ ခန့် ပါဝင်မည် ဖြစ်သည်။

ဆိုင်ခန်း (၁)ခန်းလျှင် ၃ ရက်အတွက် ၃၀ဝ၀ဝ ကျပ် နှုန်းဖြင့် ဦးရာလူကို ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

အိမို့မို့ခိုင်

ဓာတ်ပုံ- မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း