မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ် ခြံ မြေ အရောင်းပြပွဲကြီးကျင်းပ

(၁၀)ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့နံနက်(၉) နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် Myanmar House.com မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ KBZ Bank အိမ်ရာချေးငွေဌာန၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးအောင်ကျာ် AYA Bank ၏ AssistantVice President ဦးဇာနည်းလင်း Main sponsor များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြပွဲတက်ရောက်လာကြသူများက ပြခန်းအတွင်း ပြသထားသည့် အိမ်ခြံမြေများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါပြပွဲကြီးကို ၂၀၁၅ ခုနှစ်မှ စတင်ကျင်းပခဲ့ဲပြီး ယခုဆိုလျင် ၁၀ ကြိမ်မြောက် ကျင်းပနိုင်ခဲ့သည်။

 

ယခုအရောင်းပြပွဲတွင် တန်ဖိုးနည်းအိမ်ရာမှ နိုင်ငံတကာအဆင့်မီ ကွန်ဒိုတွေအထိ အမျိုးအစားစုံလင်စွာ လေ့လာဝယ်ယူနိုင်ရန် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၅၀ ကျော် ပါဝင်ပြသရောင်းချ ပေးနေကြောင်း သိရှိရသည်။

 

အောင်မြင့် (ပြန်/ဆက်)