မိုးညှင်းမြို့တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မိုးညှင်း  ၂  ဇန်နဝါရီ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် စာစီစာကုံးနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ၌ ကျင်းပသည်။

မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူ ၃၄ ဦးတို့ က "လွတ်လပ်ရေးကိုထိန်းသိမ်းပါ" ခေါင်းစဉ်ဖြင့် စာစီစာကုံး ဖြေဆိုယှဉ်ပြိုင်ကြသည်။ 

ကဗျာရွတ်ဆိုပြိုင်ပွဲအနေဖြင့် ဇန်နဝါရီ ၃ ရက်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၅ ဦးသည် မိမိတို့ကြိုက်နှစ်သက်ရာ ကဗျာဖြင့် ဖြေဆိုယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည် ။

ခရိုင် ပြန်/ဆက်

 

mdn