မိုင်းယောင်း  ၁၂  ဧပြီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုပွဲကို ဧပြီ ၁၂ ရက်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ပြုလုပ်သည်။

 

ရေစက်ချတရားနာခြင်းသို့ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နည်းဗျူဟာမှူးနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်ရင်းမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တပ်ရင်းမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်သည်။

 

ယခုနှစ်  စုပေါင်းရဟန်းခံရှင်ပြုပွဲတွင် ကျေးရွာအချို့မှ လားဟူ၊ အာခါတိုင်းရင်းသားများအပါအဝင် စုစုပေါင်း သံဃာတော် ၇၆ ပါးရှိပြီး ရဟန်း ၆၂ ပါး၊ ကိုရင် ၁၁ ပါးနှင့် သီလရှင် ၃ ပါးတို့ ပါဝင်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း

 

phot