မင်းဘူး ၁၂ ဧပြီ                       

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉) နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အထက်မင်းလှမြို့နယ်၊ ရေနံဓါတုဗေဒစက်ရုံစု(မန်းသံပုရာကန်) အစည်းအဝေးခန်းမတွင် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် (၄၈၉၉၅၁၀) ကျပ်ကို အကျိုးခံစားခွင့်ရှိသူ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဆွေမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် အထက်မင်းလှမြို့နယ်၊ ရေနံဓါတု ဗေဒစက်ရုံစု (မန်းသံပုရာကန်) မှ အာမခံ အလုပ်သမား ဦးညွန့်ဝေ၏ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမြဲ တမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဆွေမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေ (၄၈၉၉၅၁၀) ကျပ်အား မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် အထက်မင်းလှမြို့နယ်၊ ရေနံဓါတု ဗေဒစက်ရုံစု (မန်းသံပုရာကန်) မှ အာမခံအလုပ်သမား ဦးညွန့်ဝေထံ ပေးအပ်ခဲ့ရာ အကျိုးခံစားခွင့် လက်ခံရရှိသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်နှင့် ဝန်ထမ်းများ၊ မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးမှ ဝန်ထမ်းများ၊ အဆိုပါ စက်ရုံမှ အမှုထမ်း၊ အရာထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)