လမ်းမတော်မြို့နယ်တွင် နှာခေါင်စည်း Mask များ အခမဲ့ဖြန့်ဝေ

ရန်ကုန် ဒီဇင်ဘာ ၉

 

ကိုဗစ်-၁၉ ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက်  ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ဒီဇင်ဘာ ၈ ရက် နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်၊ ကမ်းနားလမ်း၊ လမ်းမတော်လမ်းထောင့်ရှိ‌ ညောင်ပင်လေးစျေးနှင့် လမ်းဆုံကားဂိတ်တို့တွင် အများပြည်သူများအား နှာခေါင်းစည်း Mask များ(အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်‌ရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းမ‌တော်‌ ညောင်ပင်လေးစျေးရှိ စျေးသည်များ၊ စျေးဝယ်ကြသူများ၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် ဖြတ်သန်းသွားလာနေကြသူများအား တစ်ခါသုံးနှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင်လည်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာစေရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက အပတ်စဉ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ ဆက်)