လောက်ကိုင်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လောက်ကိုင်      အောက်တိုဘာ      ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ဆီအော သွားလမ်းညောင်ပင်မှ လမ်းမကြီးတစ်လျှောက် ဆောင်ရွက်ခဲ့ကြသည်။

လောက်ကိုင်မြို့၌ စုပေါင်းသန့်ရှင်းရေးကို ပူးပေါင်းအဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြရာ ပူးပေါင်းအဖွဲ့(၁)သည် အမှတ်(၃)ရပ်ကွက်၊ ဆီအောသွား လမ်းညောင်ပင်မှ ကျူဖန်လမ်းဆုံမီးပွိုင့်- ဘုံခုနစ်ဆင့်-ရင်ဖုန်းမီးပွိုင့်အထိ လမ်းမကြီး တစ်လျှောက် လည်းကောင်း၊ ပူးပေါင်းအဖွဲ့(၂)သည် အမှတ်(၃)ရပ်ကွက်၊ ကျူဖန်လမ်းဆုံမီးပွိုင့်မှ အမှတ်(၂)ရပ်ကွက်၊ ကျင်ရွှေထန်လမ်း-ဆည်မြောင်းရုံးလမ်း-အမှတ်(၃၂၂)ခြေလျင်တပ်ရင်းရှေ့အထိ လမ်းမကြီး တစ်လျှောက် လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြကြောင်းနှင့် လမ်းမကြီးဘေးဝဲယာရှိ ရေမြောင်းများကိုလည်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

လောက်ကိုင်(ပြန်/ဆက်)