နေပြည်တော် ဇွန် ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် လာအိုပြည်သူ့ တပ်မတော်၏ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်ထိ ၅ ရက်ကြာ နေထိုင်၍ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်