ကြံတောဟံသာဝတီမှသည် မိုးထိမြင့်မားအဆောက်အအုံကြီးများ

ကမာရွတ် မြို့နယ်အတွင်းက ''ကြံတော'' ဆိုသည့် နေရာကို ညွှန်းဆိုသော သချုႋင်းမြေကို ငယ်ငယ် ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည်။ ထိုစဉ်က ကြည့်မြင်တိုင် အ.ထ.က.၂ မှ သူငယ်ချင်းတစ်ယောက်က မိသားစုနှင့် နေထိုင် ခဲ့ဖူးသည်။ ငယ်စဉ်ကျောင်းသားဘဝက ရိုးရှင်း သည့် အဆင့်အတန်းမခွဲခြား သူငယ်ချင်း စိတ်ဓာတ်သာ ရှိသည်။

 

ရန်ကုန်မြို့တွင် နေထိုင်သူအများစု၏ နောက် ဆုံးခရီး မြှုပ်နှံမီးသြင်္ဂိုဟ်ရာ အရပ်ဖြစ်သည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၏ အုတ်ဂူများ ရှိသည်။ မြေပုံမှတ်တိုင်များရှိသည်။ နိုင်ငံကျော် အနုပညာရှင်ကြီးများ၊ နိုင်ငံရေးနယ်ပယ်မှ ကျော်ကြားသူများ၊ သူဌေးက အစ ဆင်းရဲသား ကျောမွဲအဆုံး အလွှာစုံလဲလျောင်းရာ နောက်ဆုံး သက်ဝင်ရာ မြေဖြစ်သည်။

 

နာနတ်တောဟု လူကြီးများက ပြောခဲ့''သက်ကြီးစကား သက်ငယ်ကြား'' ဆိုသည့် ပမာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဤနေရာသည် သချုႋင်းမြေဟု ဆိုကြသည်ကို ကြားမိခဲ့ရသည်။ ကြံပင်များ အများအပြားပေါက် ရောက်နေခြင်းကြောင့် အင်္ဂလိပ်အစိုးရအုပ်စိုးစဉ် ကာလကပင် ''ကြံတော''ဟု အမည်နာမရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

 

လက်ရှိစည်ပင်ဝင်းမှာ နာနတ်ပင်များ ထူထပ်စွာ ပေါက်ရောက်ခဲ့ဖူးခြင်း ကြောင့် နာနတ်တောဟု လူကြီးများက ပြောပြဖူး ခဲ့သည်။ကြံတောအဝန်းအဝိုင်းသည် ကျယ်ဝန်း လှသည်နှင့်အမျှ အတွင်း၌ ဒုစရိုက်မှုများလည်း မျိုးစုံဖြစ်ခဲ့ဖူးသည်။ တောင်းရမ်းစားသောက်သူ အများစုခိုအောင်းရာ နေရာလည်း ဖြစ်ခဲ့ဖူးသည်။ အနာကြီးရောဂါသည်များလည်းရှိခဲ့ဖူးသည်။ ချက် အရက်များချက်ရာ နေရာလည်း ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က ကြံတော သုသာန်အတွင်းမှ ဝက်ဆီဖတ် ကြော်၊ ပဲကြော်မှာ နာမည်ကြီးလှသည်။ ကောင်း လည်း ကောင်းသည်။ ရောက်သည့်အခါတိုင်း ဝယ်စားဖြစ်ခဲ့ဖူးသည်။

 

၁၉၉၇ ခုနှစ်ကုန်လုနီးတွင် ထိုနေရာ၌ လူများ အား သြင်္ဂိုဟ်ခွင့်မပြုတော့ဘဲ လှိုင်သာယာမြို့နယ်ရှိ ''ထိန်ပင်'' သုသာန် သို့ ပြောင်းရွှေ့သြင်္ဂိုဟ်မှုကို ပြုစေခဲ့သည်ဟု ကြံတောမှ ထိန်ပင်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သူ ဦးဝင်းနိုင်က သူမှတ်သားထားမှုကို ပြောပြခဲ့သည်။ အုတ်ဂူများကို မြောက်ဥက္ကလာပ မြို့နယ် ''ရေဝေး'' သုသာန်သို့ ပြောင်းရွှေ့ခွင့်ပေးခဲ့ သည်။ နေရာအစားပေးခဲ့သည်။

 

အုတ်ဂူများ ရှင်းလင်းပြီးနောက် စည်ပင်မှ ''ဟံသာဝတီကားပွဲစားတန်း''အဖြစ် ဝင်းအတွင်း၌ အခြေချခွင့်ပြုခဲ့သည်။ တစ်နိုင်ငံလုံးမှ ကား အရောင်းအဝယ် အဓိကပြုရာ နေရာဖြစ်ခဲ့သည်။ ရောင်းသူ၊ ဝယ်သူများအားလုံး စီးပွားအခွင့်အလမ်း များ ပွင့်ခဲ့ကြသည်။ မြေကြမ်း၍ ''ခိုက်''သည်ဟု မကြားခဲ့ရပေ။

တစ်နည်းဆိုရသော်... ယခင်သုသာန်မြေ ''ကြံတော'' မှသည် ကားအသစ်အဟောင်း အရောင်းအဝယ်ပြုရာ ဟံသာဝတီကားပွဲစားတန်း အဖြစ် ပြောင်းလဲခဲ့ရာ မည်သို့သော အယူသီးမှု အမျိုးမျိုးဖြင့် ရှိခဲ့ကြစေကာမူ အောင်မြင်သော ဈေးကွက်စီးပွားရေးနယ်မြေ၊ ''ဇုန်''တစ်ခုအဖြစ် ထင်ရှားခဲ့သည်။ 

 

သို့သော် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောနှင့်အညီ ဟံသာဝတီကားပွဲစားတန်းကို ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ ယခင်သီရိမင်္ဂလာ ကုန်စိမ်းဈေး ဟောင်းသို့ ပြောင်းရွှေ့စေခဲ့သည်။ ကားအရောင်း အဝယ် အကျိုးဆောင် ဦးသီဟ၏ ပြောကြားမှုအရ ၂ဝ၁၂ ခုနှစ်ဟု သိရသည်။ 

 

ကြံတောမှ ယခင်အုတ်ဂူများရှိရာ မြန်မာ့ အသံဝင်းနှင့် ကပ်လျက်ရှိသော နေရာတွင် ခံ့ညား ထည်ဝါသော မူးယစ်ဆေးဝါး အသိပညာပေး ပြတိုက်ကြီးကို ၁၉၉၈ ခုနှစ်တွင် တည်ဆောက် ၍ ၂ဝဝ၁ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။

 

နေ့စဉ်စည်ကား ကြံတောမြေဟောင်းပေါ်ဝယ် လက်ရှိတည် ဆောက်ဖွင့် လှစ်လျက်ရှိသည့် Junction Square သည်ပင် နေ့စဉ်ရောင်းသူဝယ်သူတို့ဖြင့် စည်ကား လျက်ရှိနေသည်။

 

ယခုထိုနေရာတစ်လျှောက်ဝယ် မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကျော်ကြား ထင်ရှားသော ကုမ္ပဏီကြီးများက မိုးထိမြင့်မား တိုက်တာကြီးများ၊ အရောင်းစင်တာကြီးများ၊ ကုမ္ပဏီကြီးများ တည်ဆောက်လျက်ရှိနေသည်မှာ ရာခိုင်နှုန်းပြည့်နီးပါးရှိနေပြီဖြစ်ရာ ကြံတောမှ သည် ဟံသာဝတီ၊ ဟံသာဝတီမှသည် Times City အဖြစ် ရန်ကုန်မြို့၏ အနာဂတ်စီးပွားရေး နယ်မြေသစ်တစ်ခုအဖြစ် ထင်လင်းစွာ ပေါ်ထွက် လာတော့မည်ကို မှန်းမျှော်ကြည့်မိပါတော့ သည်။ 

 

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ဘော်ဂါသွေး