ကမ္ဘာကျော်တံဆိပ်တွေနဲ့ ဆင်တူရိုးမှားထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ တရုတ်ရဲ့ အွန်လိုင်းဈေးကွက်မှာ အောင်မြင်နေ

ကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Adidas တို့ Calvin Klein တို့လို နာမည်မျိုးနဲ့ Ababis အမည်နဲ့ ဘိနပ်၊ Caiwen Kani အမည်နဲ့ အတွင်းခံဘောင်းဘီ၊ ဒါ့အပြင် ကလေးကစားစရာဖြစ်တဲ့ Star Wars တံဆိပ်ကို တုပပြီး Star Wnrs ဆိုတဲ့နာမည်နဲ့ ကစားစရာ၊ အမေရိကန်အရက် Jack Daniel’s ကို တုပပြီး Jack David၊ ပြင်သစ် Bordeaux ဝိုင်တံဆိပ်လိုဂိုတွေ ဆင်တူရိုးမှားနဲ့ "The Heart of Freedom", "Bravespirit", "Dragon Were General" စတဲ့ ထူးဆန်းတဲ့ အမည်တွေပေးထားတဲ့ ဝိုင်ပုလင်းတွေဟာ တရုတ်နိုင်ငံက အွန်လိုင်းဈေးကွက်မှာ လူကြိုက်များနေတာကို တွေ့ရပါတယ်။

 
တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက်နေ့ဟာ အမေရိကန်ရဲ့ "Black Friday"လိုမျိုး "Singles Day" ဆိုပြီး အွန်လိုင်းမှာ ပစ္စည်းတွေရဲ့ဈေးကို တော်တော်လေးလျှော့ရောင်းတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ အလီဘာဘာ ကုမ္ပဏီက တုပလုပ်ထားတဲ့ပစ္စည်းတွေ ရောင်းချခွင့်ကို ပိတ်ပင်နေပေမယ့် အလီဘာဘာပိုင် ဈေးဝယ်နိုင်တဲ့ Taobao အက်ပလီကေးရှင်းမှာ ကမ္ဘာကျော် တံဆိပ်တွေကို တုပထားတဲ့အမည်တွေနဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်သေးကြောင်း သိရပါတယ်။ 

 

အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေက တရုတ်နိုင်ငံမှာ သူတို့နိုင်ငံတွေရဲ့ ကုန်ပစ္စည်းတွေကို အတုအပ လုပ်ဆောင်မှုတွေကြောင့် ဉာဏပိုင်ဆိုင်ခွင့် (IP)အတွက် ကန့်ကွက်နေတာ ကြာပြီဖြစ်ပါတယ်။ ဉာဏပိုင်ဆိုင်ခွင့် (IP)ဟာ လက်တလောဖြစ်နေတဲ့ တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ အဓိကသော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတကတော့ ဉာဏပိုင်ဆိုင်ခွင့် (IP)နဲ့ပတ်သတ်ပြီး ဥပဒေတစ်ရပ်ဟာ လာမယ့် ဇန်နဝါရီ (၁)ရက်နေ့ကနေစပြီး အသက်ဝင်မယ်။ အဲဒီဥပဒေဟာ အွန်လိုင်းဈေးရောင်းချမှုအတွက်ပါ အကျုံးဝင်မယ်လို့ သိရပါတယ်။

 
တရုတ်နိုင်ငံရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ အွန်လိုင်းလျှော့ဈေးပွဲတော်မှာ အလီလီဘာရဲ့ အွန်လိုင်း ဈေးရောင်း အက်ပလီကေးရှင်ကနေ ဒီနှစ်အတွက်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံ အထိရှိပြီး မနှစ်က ရောင်းရငွေကတော့ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရရှိကြောင်း သိရပါတယ်။ 

 

ကုန်ပစ္စည်းအတုဖြစ်တဲ့ Ababis ဖိနပ်တစ်ရံမှာ အမေရိကန်ဒေါ်လာ ၅.၇၀ ၊ Louis Vuitton လက်ကိုင်အိတ်အတု တစ်လုံးကို ၁၇ ဒေါ်လာ၊ Star Wnrs ကစားစရာပစ္စည်းတစ်ခုကို ၂ ဒေါ်လာသာ တန်ဖိုးရှိပါတယ်။ 

 

MDN

 

ကိုးကား- AFP