ကြို့ပင်ကောက်   ဇွန်   ၈

ပဲခူးတိုင်းဒေသကြီး   ကြို့ပင်ကောက်မြို့နယ်တွင် တောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့နံနက် ပိုင်းက ပြုလုပ်သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်ဌေးက သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသခဲ့သည်။

အဆိုပါ သရုပ်ပြပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်  တာဝန်ရှိသူများ၊  ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

ဇေယျာထွန်း(ကြို့ပင်ကောက်)