ကျောက်ဆည်မြို့တွင် ငါးရှာဖွေစဉ် ကမ်းစပ်ခြုံအတွင်း သံချေးတက်နေသည့် ဗုံးသီး ဟောင်းတွေ့ရှိ

မန္တလေး ၂ ဇန်နဝါရီ
 
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက် မင်းရဲဆည်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မြင်းစိုင်းအလယ်ရပ်ကွက်နေ သူရဇော်(၂၀)နှစ်ပါ သူငယ်ချင်းနှစ်ဦးသည် ငါးရှာဖွေစဉ် ကမ်းစပ်ခြုံအတွင်းမှ အလျား ၉ လက်မ၊ အချင်း၂လက်မခန့်ရှိ ဗုံးသီးဟောင်းထိပ်ဖူး တစ်ခု (သံ ချေးတက်)နှင့် အလျား ၁၀ လက်မခန့်ရှိ ဒလက်ပါဗုံးသီးဟောင်း တစ်လုံး(သံချေးတက်)တို့အား တွေ့ရှိ ကြောင်း အကြောင်းကြားသဖြင့် ကျောက်ဆည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်သို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)