ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ကုန်စည်ဈေးနှုန်းများ

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးအားလုံးအေးပြီး အရောင်းအဝယ်ကလည်း အားလုံးအေးနေပေမယ့် ဧည့်မထ ၂၅ % ကတော့ အခြားဆန်များထက် အရောင်းအဝယ် ကောင်းနေတယ်လို့ သိရပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးပါ အေးနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၈၀ဝ၀ ကနေ ၄၂၀ဝ၀ ၊ဖျာပုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၆၀ဝ၀ ကနေ ၃၈၀ဝ၀ ကျပ်၊ပေါ်ဆန်းနယ်စုံသစ်ကတော့ တစ်အိတ် ကို ၃၄၀ဝ၀ ကနေ ၃၅၀ဝ၀ ကျပ်၊ပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၃၄၀ဝ၀ ကနေ ၃၅၅၀ဝ ကျပ် ရှိပြီး ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်သစ်ကတော့ တစ်အိတ်ကို ၂၅၀ဝ၀ ကနေ ၂၆၅၀ဝ ကျပ်၊ ရက် ၉၀ သစ်ကတော့ တစ်အိတ်ကို ၂၂၀ဝ၀ ကနေ ၂၃၅၀ဝ ကျပ် ၊ ဧည့်မထ ၂၅ % သစ်ကတော့ တစ်အိတ်ကို ၁၈၇၀ဝ ကနေ ၁၉၀ဝ၀ ကျပ်၊ငစိန်ဆန်သစ်ကတော့ တစ်အိတ်ကို ၁၉၀ဝ၀ ကနေ ၁၉၇၀ဝ ကျပ် အသီးသီး ပေါက်ဈေးရှိပါတယ်။

ပုသိမ်ဈေးကွက်မှာ ပထမတန်းစား စပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀ဝ ကို ၁၀၃၃၀ဝ၀ ကျပ်ပေါ်ဆန်း ရင် ကတော့ တင်း ၁၀ဝ ကို ၉၄၆၀ဝ၀ ကျပ်၊ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀ဝ ကို ၉၂၀ဝ၀ဝ ကျပ်  အသီးသီးရှိပါတယ်။

ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းဆန်ကတော့ တင်း ၁၀ဝ ကို ၆၉၀ဝ၀ဝ ကျပ်၊ မနောသုခကတော့ တင်း ၁၀ဝ ကို ၅၈၄၂၀ဝ ကျပ်၊ မီးကောက်ကတော့ တင်း ၁၀ဝ ကို ၅၉၃၄၀ဝ ကျပ်နဲ့ သီးထပ်ရင်ကတော့ တင်း ၁၀ဝ ကို ၅၇၉၆၀ဝ ကျပ် အသီးသီး ဈေးငြိမ်နေပါတယ်။


မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဈေးတက်လာတယ် ဆိုပေမယ့် အတက် အကျ အပြောင်းအလဲကတော့ မြန်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နယ်စုံကနေလည်း မတ်ပဲအသစ်တွေက ဆက်တိုက်ကို ဝင်ရောက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း လက်ရှိမှာ ပုံမှန်ဝယ်ယူမှုတွေ လုပ်နေတာဖြစ်တဲ့အတွက် ဈေးကတော့ ငြိမ်နေပါတယ်။ ဆက်ပြီး ဈေးတက်နိုင်ခြေ ရှိမရှိတာကိုတော့ ကုန်သည်တွေအနေနဲ့လည်း အိန္ဒိယရဲ့ အမြဲပြောင်းလဲနေတဲ့ ပေါ်လစီကြောင့် ခန့်မှန်းရ ခက်နေပါတယ်။

မတ်ပဲက ယခုအပတ်မှာ တစ်တန်ကို ငွေကျပ် ၇၃၀ဝ၀ဝ အထိ ဈေးပြန်တက်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း ၂ သောင်းလောက် ပြန်ကျဆင်းသွားခဲ့ပါတယ်။

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၂၂၇၅၀ နဲ့ ၂၅၀ ကျပ်၊ နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၆၀ဝ ကျပ်နဲ့ တစ်တင်းကို ၁၇၀ဝ ကျပ်၊ ဈေးကျဆင်းသွားခဲ့ပြီးတော့ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၅၀ဝ ကျပ် နဲ့ ၅၀ဝ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရုတ်တရက် ဈေးအမြင့်ဆုံး ရောက်ရှိသွားခဲ့ပါတယ်။ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံတင် မဟုတ်ပဲ အခြားနိုင်ငံများကိုပါ ရောင်းချနေတာဖြစ်တဲ့ အတွက်ကြောင့် ဈေးက ဆိုးရွားသွားခြင်း မရှိခဲ့ပါဘူး။ ဒီတစ်ပတ်မှာအမြင့်ဆုံး တစ်တန်ကို ၈ သိန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ကုန်သည်တွေနဲ့ တောင်သူတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် ချက်ချင်းပဲ ဈေးက ပြန်ကျဆင်းသွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မတ်ပဲနဲ့ယှဉ်ရင် ဈေးအမြင့်ရရှိနေပါတယ်။ ပဲအသစ်ထက် အဟောင်းက ဈေးပိုရရှိနေခဲ့ပြီး ပြည်ပတင်ပို့မှုကိုတော့ ပဲစင်းငုံနီ (RC) 2017 ကိုသာ အရောင်းအဝယ် လုပ်နေတာတွေ့ရပါတယ်။
ပဲစင်းငုံနီကတော့ ဆက်ပြီးဈေးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၂၇၅၀ဝ ရှိပြီး တစ်တင်းကို ၁၇၀ဝ ကျပ် ဈေးတက်လာပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၂၀ဝ ရှိပြီး တစ်တင်းကို ၃၇၀ဝ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၈၀ဝ ရှိပြီး တစ်တင်းကို ၂၈၀ဝ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးကတက် နေပါတယ်။ နယ်အချို့မှာ ပဲတီစိမ်း အသစ်တွေကလည်း ဝင်နေတာဖြစ်တဲ့အတွက် ဈေးက ကျဆင်းနေခဲ့တာဖြစ် ပြီး အရည်အသွေးကေင်းတဲ့ ပဲတွေကတော့ ဈေးကောင်းရရှိနေပါတယ်။ ပဲတီစိမ်းကတော့ တရုတ်က အဝယ်ပုံမှန် ရှိတဲ့အတွက် ဈေးကျဆင်းသွားမှာ စိုးရိမ်စရာ မရှိပါဘူး။ 

မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း (ကြီး၊သေး)က တစ်တင်းကို ၃၀ဝ၀ ဝ ကနေ ၃၂၀ဝ၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၅၀ ကျပ်ဈေးတက်လာပါတယ်။ နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၆၀ဝ ကျ်ပရှိပြီး တစ်တင်းကို ၆၀ဝ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀ဝ၀ဝ ကျပ် ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀ဝ ကျပ် နီးပါဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၂၀ဝ ကျပ်ရှိပြီး ၅၀ဝ ကျပ်ဈေးကျဆင်းကာ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၀ဝ၀ ရှိပြီး ၆၆၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ ပဲခွဲစက်တွေကလည်း အများအပြား ဝယ်ယူတဲ့အတွက် ဈေးက တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အခြားပဲတွေက အသစ်တွေ ဆက်တိုက်ဝင်နေပေမယ့် ကုလားပဲကတော့ လက်ကျန်ကိုသာ ရောင်းချနေရတာဖြစ်တဲ့အတွက် ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ ဈေးတက်နေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်က ရောင်းခဲ့တဲ့ ဈေးသာ ရရှိပြီး အဲ့ဒီထက်တော့ ဈေးက မတက်သေးပါဘူး။

မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၀ဝ၀ ကနေ ၂၄၈၀ဝ ရှိပြီး ၁၃၀ဝ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ (ကြီး၊သေး) ကတော့ တစ်တင်းကို ၂၄၀ဝ၀  ကျပ်ရှိပြီး တစ်တင်းကို ၁၃၀ဝ ကျပ်လောက် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၄၀ဝ၀ရှိပြီး တစ်တင်းကို ၇၀ဝ ကျပ် တက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၂၈၀ဝ ရှိပြီး တစ်တင်းကို ၄၇၅ ကျပ်ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံး ဝါ က  တစ်တင်းကို ၂၅၅၀ဝ  ရှိပြီး ၅၀ဝ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၂၅၅၀ဝ ကျပ်ရှိပြီး ၁၅၀ဝ ကျပ်ဈေးတက်လာပါတယ်။

ဝတ်ရည်မွန် (AMIA)

Related Articles