ဟွာဝေးထုတ်ကုန်များက လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိဟု အက်ဖ်ဘီအိုင် ပြော

ဟွာဝေးနှင့် အခြားတရုတ်တယ်လီကွန်း ကုန်ပစ္စည်းများကို လုံခြုံရေးအရ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝန်ကျို့အား က နေဒါနိုင်ငံ၌ ဖမ်းဆီးပြီးနောက် အမေရိကန်ကွန်ဂရက်နှင့် အမေရိကန်ပြည်သူများက တရုတ်ကုမ္ပဏီများကို ပိုပြီး သတိထားလာခဲ့သည်။

အမေရိကန် အထက်လွတ်တော် တရားစီရင်ရေးကော်မတီသည် ဉာဏပစ္စည်းချိုးဖောက်မှုတွင်  တရုတ်နိုင်ငံပါဝင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကြားနာမှုတစ်ရပ်ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည်။

တရုတ်နိုင်ငံလုပ် ဆက်သွယ်ရေးပစ္စည်း  အသုံးပြုသူများမှာ တရုတ်အစိုးရ၏ အချက်အလက်များ လိုသလို အသုံးပြုမှုအန္တရာယ်ရှိကြောင်း FBI တာဝန်ရှိသူတစ်ဦးက သတိပေးခဲ့သည်။

ဟွာဝေးထုတ်ကုန်များသာမက တခြားတရုတ်ဆက်သွယ်ရေးထုတ်ကုန် ထုတ်လုပ်သူများကိုလည်း သတိထားရန်နှင့်  အသိအမြင်မျှဝေရေးအစီအစဉ်ကို အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၊ မဟာမိတ်များက မျှဝေရမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းခဲ့သည်။

တရုတ်အစိုးရက ယင်းသို့သော ပြောကြားချက်များကို အပြင်းအထန် ငြင်းဆန်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံနှင့် တရုတ်ကုမ္ပဏီများမှာ အမေရိကန်ပြည်သူများကြား ကြီးထွားလာနေသည့် ဆက်သွယ်ရေးလုပ်ငန်းတွင် တရားမဝင်သောပုံစံဖြင့် ပါဝင်ခဲ့သော သံသယများလည်းရှိနေသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်