ဒီဆုကို မမျှော်လင့်ဘဲ ရခဲ့တာပါ

ကမ္ဘာအဝှမ်းမှ စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်၍ ကျင်းပသည့် Miss Grand International ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ပြီး နှစ်စဉ် နိုင်ငံပေါင်း ၈၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်က ကျင်ပခဲ့သော Miss Universe Myanmar 2018 ပြိုင်ပွဲကြီးတွင် 1st Runner Up သရဖူကို ရရှိခဲ့ပြီး Miss Grand International ပြိုင်ပွဲကြီးသို့ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူ နေပြည်တော်ကိုယ်စားပြု အလှမယ် စုမြတ်ဖူးနှင့် တွေ့ဆုံစဉ် မေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြလိုက်သည်။

မေး-ပထမဆုံးအနေနဲ့ Miss Grand Myanmar သရဖူကို ရခဲ့တဲ့ အပေါ်မှာ ညီမလေးရဲ့ ရင်ခုန်သံကို ပြောပေးပါဦး။

ဖြေ-ညီမဒီဆုကိုလုံးဝ မမျှော်လင့်ဘဲ ရခဲ့တာ ပါ၊အဲဒီလို မမျှော်လင့်ဘဲရခဲ့တဲ့အတွက် အလွန် ကိုဝမ်းသာခဲ့ပါတယ်၊ စင်ပေါ်မှာတောင်  ကတုန်ကရင်တွေတောင် ဖြစ်ခဲ့ရပါတယ်၊ (ရယ်လျက်)

မေး-ညီမလေးအနေနဲ့ ဒီပြိုင်ပွဲကြီးအတွက် အချိန်ဘယ်လောက်ပေးပြီး ပြင်ဆင်ခဲ့ရလဲ၊

ဖြေ-ဒီပွဲအတွက်ကို ညီမက ပြင်ဆင်ချိန် ခြောက်လ လောက်ပဲ ရလိုက်ပါတယ်၊အခုလာမယ့်တစ်ကယ့်. International ပွဲကိုသွားပြိုင်ဖို့အတွက်ကတော့ အချိန်(၁)နှစ်လောက် ရပါသေးတယ်၊

မေး- နေပြည်တော် ကိုယ်စားပြုအနေနဲ့ ပြိုင်ခဲ့တယ်ဆိုတော့  ဇာတိက နေပြည်တော် ကပဲလား၊

ဖြေ-ဟုတ်၊နေပြည်တော်ကပါပဲ။ ညီမက နေပြည်တော် ဂုန်သာရ ဘုရားလမ်းမှာ နေတာပါ၊

မေး-Miss Universe Myanmar ပြိုင်ပွဲကြီးကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာလဲ

ဖြေ-၂၀၁၃ လောက်က ညီမက ပြည်တွင်းပွဲတွေဆို ဝင်ပြိုင်ဖြစ်တယ်၊အဲဒီ့အချိန်က ငယ် သေးတယ်၊ဘာဆုမှလည်း မရခဲ့ဘူးပေါ့၊ အတွေ့ အကြုံတွေကလည်း မရင့်ကျက်သေးဘူး၊အခု ဒီမှာကျတော့ ညီမ သေချာပြင်ဆင်မူတွေလုပ်ခဲ့တယ် ၊ ညီမ ဖြစ်ချင်တာက မြန်မာ့ဂုဏ်ဆောင်တဲ့သူ တစ်ယောက် ဖြစ်ချင်တာပါ။ အဲဒါကြောင့်ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်ခဲ့တာပါ။

မေး-ဒီပွဲမပြိုင်ခင်အခြားပြိုင်ဖြစ်ခဲ့တဲ့ ပြိုင်ပွဲတွေ အကြောင်းလည်း ပြောပြပေးပါအုံး

ဖြေ-ဒီပွဲကညီမအတွက်ပထမဆုံး ပြိုင်ပွဲတော့ မဟုတ်ပါဘူး၊ အရှေ့မှာ ၂၀၁၃ တုန်းလောက်ကMiss People တို့ Miss Now How ဝင်ပြိုင်ဖူးပါတယ်၊ပြီးတော့ ကြားထဲမှာ (၂)နှစ်၊(၃)နှစ်လောက် ညီမ နားလိုက် တယ်၊ အခုမှ

ဒီပြိုင်ပွဲကို ဝင်ပြိုင်လိုက်တာပါ။

mdn

မေး-Miss Universe Myanmar ပြိုင်ပွဲမှာ သရဖူတစ်ခု ရရမယ်လို့ မျှော်လင့်ထားခဲ့တာလား

ဖြေ-ညီမ ဝင်ပြိုင်ကတည်းက စိတ်ထဲမှာ Miss Universe ဖြစ်ချင်လို့ ဝင်ပြိုင်ခဲ့တာပါ၊ဒါပေမယ့် ပြိုင်ပွဲဝင်တွေ အကုန်လုံးက သူ့အရည်အချင်းနဲ့ သူ ထူးချွန်နေတဲ့အခါကျတော့ ညီမ အရမ်းကြီးတာ့ မမျှော်လင့်ရဲဘူး၊ ဒါပေမယ့် ညီမကိုယ်ညီမ ယုံကြည် ချက်ရှိရှိနဲ့ ဒီဆုကို ရကိုရ ရမယ်လို့တော့ မျှော်လင့် ခဲ့ပါတယ်၊ Miss Universe ဆုနဲ့လွဲချော်ပေမယ့် လည်းMiss Grand Myanmar အဖြစ် ရွေးချယ်ခံ ရတာကိုတော့ ဂုဏ်ယူမိပါတယ်ရှင်။

မေး-နောင်နှစ်ဆို နိုင်ငံတကာပြိုင်ပွဲကြီးမှာ နိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရမယ်ဆိုတော့  ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုကော ပြန်သုံးသပ်ပြီးသွားပြီလား၊ ဘာတွေဆက်လက် လုပ်ဆောင်သွားမလဲ

ဖြေ-ညီမရဲ့ အားသာချက် က နိုင်ငံခြားမှာ သွားပြိုင်ရရင်လည်း မကြောက်ဘူး၊ ရဲရဲဝံ့ဝံ့ သွားပြိုင်ရဲတယ်၊ အားနည်းချက်ကတော့ အပြင်မှာပြောနေ ကြသလိုပဲ အခုလောလောဆယ်  Body ပိုင်းဆိုင်ရာမှာ  ပြုပြင်ဖို့ လိုသေးပါတယ်၊ အဲ့ဒီ့အတွက်လည်း နောက်ရက်တွေက စပြီး ညီမ Boxin ထိုးမယ် ၊ ဝိတ်ကျအောင် ပြန်လုပ်ပြီး ပရိတ်သတ်တွေ ညီမကို လက်ခံလာအောင် ကြိုးစားသွားမှာပါ၊

မေး- General Knoweledge ပိုင်းကော ဘယ်လိုအကြောင်းအရာတွေကို အဓိကထား လေ့လာဖြစ်မလဲ

ဖြေ- Miss Grand International ဆိုတာ ကမ္ဘာကို ငြိမ်းချမ်း အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ပြိုင်ပွဲကိုကျင်းပကြတာဆိုတော့ အဲဒါနဲ့ ပက်သက်ပြီး ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးတွေကို လေ့လာရမယ်၊ အရင်တုန်းက ဖြစ်ခဲ့တာတွေရော အခုလက်ရှိ ဖြစ်နေတာတွေပါ အကုန်လုံးကို လေ့လာပြီးတော့ ပြင်ဆင်သွားမှာပါ။

မေး-အခုဆို နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ယောက် ဖြစ်သွားပြီဆိုတော့ အလှမယ်တစ်ယောက်အနေနဲ့ ဘယ်လိုပြုမှု နေထိုင်သင့်တယ်ဆိုတာ ပြောပြပေးပါအုံး

ဖြေ- ညီမတို့က မြန်မာ့ဂုဏ်ဆောင် တစ်ယောက် ဖြစ်သွားပြီဆိုရင် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် ညီမတို့ဘက်က ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာ အပြောအဆို၊ အနေအထိုင် အသွားအလာ၊ အပြုအမူ တွေကအစ အားလုံးကို သေချာလိုက်နာပြီး ကိုယ်တတ် နိုင်သလောက် ဂရုစိုက်ပြီး နေထိုင်သွားရမှာပါ၊

မေး-ညီမကို အားပေးနေတဲ့ပရိသတ်တွေကိုရောဘာတွေများပြောပြချင်သေးလဲ

ဖြေ-ညီမ အခု Miss Grand Myanmar 2018 ကို ရခဲ့ပါတယ်၊အဲဒါရရှိခဲ့တဲ့အတွက် နောက်နှစ် ၂၀၁၉ မှာ ညီမသွားပြိုင်ရမှာဖြစ်ပါတယ်၊အဲဒီ့အတွက် ညီမ အစစအရာရာ အားလုံးကို ပြင်ဆင်သွားမှာပါ၊ပရိတ်သတ် လက်ခံလာတဲ့အထိ ညီမ ကြိုးစားသွားမှာမို့လို့ ညီမကို စောင့်ကြည့်ပြီးတော့ ဝေဖန်အားပေးကြပါလို့ ပြောချင်ပါတယ်၊

ခင်ဇာလီ

ဓါတ်ပုံ-အေးမင်းသူ

mdn