ဘရစ်ဇစ် (Brexit)ကို ရှောင်ဖို့အတွက် ဆိုနီရဲ့ဌာနချုပ်ကို ဗြိတိန်ကနေ နယ်သာလန်နိုင်ငံကို ရွှေ့ပြောင်းမယ်

၂၄ ဇန်နဝါရီ


ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဥရောပနိုင်ငံများအတွက် ဆိုနီဌာနချုပ်ကို ဘရစ်ဇစ် (Brexit ) ကို ရှောင်ဖို့အတွက် နယ်သာလန်နိုင်ငံကို ပြောင်းရွှေ့ မယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ ဗြိတိန်မှာ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး အပြောင်းအလဲမရှိသေးကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 


ဥရောပနိုင်ငံများအတွက် ဆိုနီဌာနချုပ် မှတ်ပုံတင်ကို နယ်သာလန်နိုင်ငံသို့ပြောင်းရွှေ့ထားပြီး မတ်လကုန်ပိုင်းမှာ ပြောင်းမယ်။ အခုလိုပြောင်းရွှေ့ရတာက ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ပြီးနောက် စားသုံးသူတွေနဲ့ပတ်သတ်တဲ့ ကိစ္စများက ပြဿနာမဖြစ်အောင် ရွှေ့ပြောင်းတာလို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ တာကာရှီ လီဒါ က ပြောပါတယ်။ 


မနှစ်ကလည်း ဆိုနီရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပန်နဆိုးနစ် (Panasonic) ကလည်း သူတို့ ဌာနချုပ်ကို ဗြိတိန်ကနေ နယ်သာလန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ထပ် ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ megabank MUFG၊ Nomura Holdings၊  Daiwa Securities နဲ့ Sumitomo Mitsui Financial Group တွေကလည်း ဗြိတိန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။ 
ဗြိတိန်နိူင်ငံဟာ ဥရောပသမဂ္ဂကနေ မတ်လ ၂၉ ရက်နေ့မှာ သဘောတူညီချက် တစ်စုံတစ်ရာမရှိဘဲ ထွက်ခွာမယ့် အခြေအနေမှာ ရှိနေပါတယ်။ 


ဂျပန်စီးပွားရေးလုပ်ငန်းရှင်များက ဗြိတိန်အစိုးရကို Brexit ဘရစ်ဇစ် မှာ ဥရောသမဂ္ဂနဲ့ သဘောတူညီချက်တစ်ခုနဲ့သာ ထွက်ခွာရေးကို လိုလားနေသလို အဲဒီ သဘောတူညီချက်ထဲမှာ ဗြိတိန် ဥရောပသမဂ္ဂကနေ ထွက်ခွာတဲ့ အထူးသဘောတူချက်အနေနဲ့ စီးပွားရေးနဲ့ပတ်သတ်တဲ့ ဆက်နွယ်ချက်တွေကို တတ်နိုင်သမျှ ဥရောပသမဂ္ဂနဲ့ ဗြိတိန် နီးနီးကပ်ကပ်ရှိဖို့ ဆန္ဒရှိနေကြပါတယ်။ 


MDN
ကိုးကား - AFP