ဘားအံမြို့၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

ဘားအံ၊ ၁၂ ဖေဖေါ်ဝါရီ

 

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးရင်ပြင်၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် နာရီခွဲက  ကျင်းပရာ အလံစောင့်အဖွဲ့၊ အလံတင်အဖွဲ့နှင့် တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့များက ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွင့်တင်ပေးသည်။

 

ထို့နောက် နံနက် နာရီတွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဖတ်ကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)