အယ်လ်ဂျီးရီးယား စွမ်းအင်ကုမ္ပဏီ ဆိုနာထရပ်နှင့် ရုရှား ပို့ဆောင်ရေး ကုမ္ပဏီ ထရန်နပ်တို့သည် ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်မှု လုံခြုံမှု ရှိရန်အတွက် ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ် ၂ ခု ချုပ်ဆိုခဲ့ကြောင်း အေပီအက်စ် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ချုပ်ဆိုထားသော စာချုပ်၂ ခု အနက် ယူရို ၁ ဒသမ ၁၆ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂ သန်း) တန်ကြေးရှိ ပထမစာချုပ် မှာ ၁၈ လ ကြာမြင့်မည်ဖြစ်ပြီး ယူရို ၀ ဒသမ ၃ သန်းကျော် တန်ဖိုးရှိ ဒုတိယ စာချုပ်မှာ ၆ လ ကြာမြင့်ဖွယ် ဖြစ်ကြောင်း သိရသည်။
ဆိုနာထရပ်၏ စီအီးအို အာဒဲမိုမန် အိုလ် ကတ်ဒ်ဒေါ က ၎င်းကုမ္ပဏီ ၏မဟာဗျူဟာ အသစ်ဖြစ်သော နည်းပညာအသစ် ရရှိရန်အတွက် နိုင်ငံခြား ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုမှုကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
စာချုပ်ချုပ်ဆိုခြင်းသည် ဆိုနာထရပ်နှင့် ထရန်နပ် ကုမ္ပဏီနှစ်ခု အကြား ရှည်လျားသော ခင်မင်ရင်းနှီးမှု သမိုင်းအစ ဖြစ်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို