အင်းဝဘဏ်လီမိတက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ဘဏ်ခွဲ ဖွင့်လှစ်

mdn

ရန်ကုန် ၃၀ ဇူလိုင်

 

အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ်(တောင်ပိုင်း) ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရဝုဏ်တွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် အင်းဝဘဏ်လီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ  ဦးအောင်ငွေဦး တို့မှ မင်္ဂလာအချိန် နံနက်၉နာရီအချိန်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည် ကြည့်ရှုကြသည်။

 

ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ်(တောင်ပိုင်း) ဘဏ်ခွဲသည် အင်းဝဘဏ်၏ (၅၂)နှစ်မြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၉)ရပ်ကွက် အမှတ်(၄၃၆) လှော်ကားလမ်းနှင့် ပတ္တမြားလမ်းထောင့်တွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

 

အင်းဝဘဏ်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။ ပြည်တွင်းငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း(၉) ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒ အလျှောက် စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ (၁၀)ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျှက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်