အင်းတကော်မြို့၌ နေ့ချင်းပြီးမီတာများ တပ်ဆင်

အင်းတကော် ၂ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပဲခူးခရိုင် အင်းတကော်မြို့ မိုဒိုကျေးရွာအတွင်းရှိ အိမ်ထောင်စု ၅၈ စုအား လျှပ်စစ် မီတာများကို ဒီဇင်ဘာ ၃၁ ရက်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးကာ လျှပ်စစ်၏အသုံးဝင်ပုံနှင့် အန္တရာယ်များဆိုင်ရာ အသိပညာပေးဟော ပြောခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်သိန်းက ရှင်းလင်းပြောကြားပြီး လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းချမ်း(ပြန်/ဆက်)