အမေရိကန်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံသတ်မှတ်

အမေရိကန်နိုင်ငံသည် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရုရှား တာဝန်ရှိသူများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှု ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရသည်။

 

အမေရိကန် အာဏာပိုင်များက အမေရိကန်ရွေးကောက်ပွဲကို  စွက်ဖက်နှောင့်ယှက်ရန် ရည်ရွယ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သည့် ရုရှားထောက်လှမ်းရေး တပ်ဖွဲ့ ၁၅ ဦးနှင့် ရုရှား ကုမ္ပဏီ ၄ ခု တို့ကို ပိတ်ဆို့အရေးယူမှု စာရင်းထဲတွင် ထည့်သွင်းခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ အမေရိကန်၏ စွပ်စွဲပြောဆိုချက်ကို ရုရှားက ငြင်းဆိုထားသည်။

 

အမေရိကန်အာဏာပိုင်များ က ရက်ပေါင်း ၃၀ အတွင်း ရုရှားကုမ္ပဏီ ၃ ခုအပေါ် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန် က ယနေ့အထိ ပိတ်ဆို့အရေးယူခဲ့သည့် ရုရှားနှင့် ဆက်နွှယ်သည့် ပုဂ္ဂလိက လုပ်ငန်း စုစုပေါင်း ၂၇၂ ခု ရှိကြောင်းနှင့် ကြေညာချက်တစ်ခုတွင် ရုရှားနှင့် ၎င်း အပေါင်းအပါများ၏ ထိုးနှက်ချက်များကို ဟန့်တားကာကွယ်ရန် အမေရိကန်သည်  နိုင်ငံတကာ မိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို