ဗီယင်နာ   ဇွန်   ၈

ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့ အပါအဝင် အိုပက်ပလပ်စ်အဖွဲ့ဝင် ၇ နိုင်ငံသည် ဇွန် ၇ ရက်က ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးအတွင်း  ဇူလိုင်လတွင်  ရေနံစိမ်းထုတ်လုပ်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားသည်။

မေ ၁ ရက်မှစတင်ကာ အိုပက်နှင့် အိုပက်ပလပ်စ် နှစ်ခုစလုံးမှ ထွက်ခွာမည်ဟု  ကြေညာထားသော အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ယင်းအစည်းအဝေးတွင် တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။  အဆိုပါ  အဖွဲ့ဝင်  ၇  နိုင်ငံသည် ဇွန်လကဲ့သို့ပင်   လာမည့်ဇူလိုင်လတွင်လည်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၈၈၀၀၀  တိုးမြှင့်ထုတ်လုပ်မည်ဖြစ်သည်။

ထိုကဲ့သို့  ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းကို လေးလဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုများကို ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ