အိမ်မဲမြို့တွင် (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ စာအုပ်ပြပွဲ ပြုလုပ်

အိမ်မဲ ၂ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Center)ခန်းမ၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား ကျောင်းသူလေးများအား တီထွင်ကြံဆတတ်စေရန်၊ တွေးတောတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

 

ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာကို "စည်းလုံးညီညွတ်ခြင်းမှသည် အနာဂတ်ဆီသို့"၊ အလယ်တန်းအဆင့်စာစီစာကုံးနှင့်ကဗျာကို "သူကျွန်မခံဇာတိမာန်" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုတို့ကို မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဆုများအသီး သီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

 

ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနက သုတ၊ရသ ရရှိစေမည့် စာအုပ်များ ခင်းကျင်းပြသထားရှိရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့်ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)