(၇၁) နှစ်မြောက် လွပ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက်၊ မင်္ဂလာဒုံ(ဝါယာလက်) ဘဏ်ခွဲဖွင့်လှစ်

(၇၁) နှစ်မြောက် လွပ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ် လီမိတက်၊ မင်္ဂလာဒုံ (ဝါယာလက်)ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲပရဝုဏ်တွင် ကျင်းပရာ အခမ်းအနားသို့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ စိမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးနှင့် အင်းဝဘဏ်လီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က မင်္ဂလာအချိန် နံနက် ၉ နာရီအချိန်တွင် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံမှ အင်းဝဘဏ်လီမိတက် မင်္ဂလာဒုံ(ဝါယာလက်) ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက် မင်္ဂလာဒုံ(ဝါယာလက်) ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၅၅)ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အထည်ချုပ်စက်ရုံဝန်းတွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်း များဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုး တိုးတက်စေရန် ချေးငွေများထုတ် ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (PaymentOrder) များထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ အားဝန်ဆောင်မှုပေးသွား မည်ဖြစ်သည်။ အင်းဝဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးလျှက်ရှိသည်။

 

အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း(၉) ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျှောက် စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြား အပေါ်မူတည်၍ (၁၀) ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျှက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီးလုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်