ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၀)ခုတို့ရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး (၁၉၅)နေရာအတွက် ရေးဖြေစာမေးပွဲများ ကျင်းပမည်

နေပြည်တော် ၁ ဇွန် 


၂၀၂၀ ပြည့်နှစ်အတွင်း ကြော်ငြာခေါ်ယူခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အခြေအနေအရ စာမေးပွဲကျင်းပရန် ဆိုင်းငံ့ထားခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်၊ ၃/၂၀၂၀ပါ ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း(၁၀)ခုမှ လစ်လပ်ရာထူး(၁၉၅) နေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန် ၂၆ ရက် (စနေနေ့)တွင် မြန်မာစာဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ ဇွန် ၂၇ ရက် (တနင်္ဂနွေနေ့)တွင် သုတရေးရာဘာသာရပ်ကို  နံနက် ၉ နာရီမှ ၁၁နာရီအထိ လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် စာစစ်ဌာန(၅)ခု၌ သတ်မှတ်နေ့ရက်၊ အချိန်များတွင် တစ်ပြိုင်တည်း ကျင်းပစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ 


ဖြေဆိုသူများအတွက် စာမေးပွဲခုံအမှတ်စာရင်း၊ စာစစ်ဌာန၊ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့် နေ့ရက်နှင့်နေရာများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website, Myanmar National Web Portal ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့များရှိ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးများတွင် ဇွန် ၃ ရက်မှစ၍ အသိပေး ကြေညာမည်ဖြစ်ပြီး ဖြေဆိုသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်နှင့် စာစစ်ဌာနကို သိရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း၊ ၀၆၇၃၄၀၉၀၅၂၊ ၀၆၇- ၃၄၀၉၄၃၀၊ ၀၉- ၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉- ၄၂၀၇၀၆၆၀၆၊ ၀၉၂၆၂၅၀၂၉၈၈၊ ၀၉- ၇၉၇၇၂၇၆၉၆နှင့် ၀၉- ၇၈၁၂၈၆၇၇၈)သို့  ဇွန် ၃ ရက်မှ ၁၄ ရက်အတွင်း မပျက်မကွက်(မပျက်မကွက်) ဆက်သွယ်ဆောင်ရွက်ပေးရန် အသိပေးကြေညာထားကြောင်း သိရသည်။ 


သတင်းစဉ်