တရုတ်ရုပ်ရှင်ပွဲတော် အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

ရန်ကုန် ၂၉ စက်တင်ဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၁ နှစ်ပြည့် အထိမ်းအမှတ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်၊ မြန်မာ-တရုတ် ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ China Media Group နှင့် China Film Group Corporation တို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ တရုတ်ရုပ်ရှင်ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရုပ်ရှင်ပွဲတော်ကို တရုတ်အမျိုးသားနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်သည်။

ငါတို့နှစ် ၄၀၊ တိုက်ပွဲဝင်သူ အစရှိသည့် မြန်မာဘာသာ စာတန်းထိုး သို့မဟုတ် မြန်မာဘာသာ နောက်ခံစကားပြော တရုတ်နာမည်ကျော် ရုပ်ရှင်ဇတ်ကား ၁၀ ကားကျော်ကို ပြသမည်ဖြစ်ရာ မြန်မာ-တရုတ်နှစ်နိုင်ငံမှ ပြည်သူများကို ခွန်အားနှင့် ပျော်ရွှင်မှုများ ဆောင်ကြဥ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

တရုတ်ရုပ်ရှင်ပွဲတော်မှ ရုပ်ရှင်ဇာတ်ကားများကို http://myanmar.cri.cn/chinafilmfestival2020 သို့ ဝင်ရောက်၍သော်လည်းကောင်း QR Code အား Scan ဖတ်၍သော်လည်းကောင်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်သူရ