တရုတ်မှလှူဒါန်းသည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာမည့်သီတင်းပတ်တွင် ဇင်ဘာဘွေနိုင်ငံ လက်ခံရရှိမည်

ဖေဖော်ဝါရီ ၁၀

ဇင်ဘာဘွေနိုင်ငံက တရုတ်နိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၀ဝ၀ဝ၀ ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လက်ခံရရှိမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး မိုနီကာက ယမန်နေ့က ပြောကြားခဲ့သည်။

အခြားဖွံ့ဖြိုးဆဲ ၁၁ နိုင်ငံနှင့်အတူ အာဖရိက သုံးနိုင်ငံတွင် ဇင်ဘာဘွေနိုင်ငံကို တရုတ်နိုင်ငံမှကာကွယ်ဆေးလှူဒါန်းမည့်နိုင်ငံများစာရင်းတွင် ပြီးခဲ့သည့်သီတင်းပတ်က ထည့်သွင်းခဲ့သည်။

တရုတ်နိုင်ငံမှဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်လည်း လာမည့်လအစောပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း မိုနီကာက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံအနေဖြင့် အာဖရိကသမဂ္ဂကိုဗစ်-၁၉ ရောဂါကာကွဆေးအစီအစဉ်တွင်လည်း ပါဝင်ရန်စိတ်ဝင်စားကြောင်း ထိုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ဇင်ဘာဘွေအစိုးရက ထိုကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ဦးစားပေးအုပ်စုတွင် ရှေ့တန်းကကျန်းမာရေးလုပ်သားများ၊ အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများ ပါဝင်သည်ဟု ဆိုသည်။ နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရန် အစိုးရက စီစဉ်ထားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၇၈၁ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၅၃ ဦး ရှိသည်။ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၉၂၈၉ ဦး ရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို