တိုကျို၊ အိုဆာကာဒေသများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်သက်တမ်း တိုးမြှင့်နိုင်

ဖေဖော်ဝါရီ ၁၀

ဂျပန်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် တိုကျိုမြို့နှင့် ကန်ဆိုင်ဒေသတို့တွင် အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းရန် ခက်ခဲလိမ့်မည်ဟု ရှုမြင်သည်။

ယင်းသို့ရှုမြင်ခြင်းသည် ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏သဘောထားနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေအရ ဖြစ်သည်။ အစိုးရက အချို့သောဒေသများတွင် ကိုဗစ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်ရုပ်သိမ်းနိုင်ခြင်းရှိ၊မရှိ နှင့်ပတ်သက်ပြီးလည်း စဉ်းစားနေကြသည်။

တိုကျိုအုပ်ချုပ်ရေးမှူး ကိုအီကီ ယူရီကိုက ကိုဗစ်ရောဂါကူးစက်မှုများကြောင့် ထိုကြေညာချက်ရုပ်သိမ်းရန်ခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။
အိုဆာကာအုပ်ချုပ်ရေးမှူး ယိုရှီမူရာ ဟီရိုဖူမီက ၎င်း၏ဒေသတွင် ကိုဗစ်ဆိုင်ရာအရေးပေါ်အခြေအနေကြေညာချက်သက်တမ်းအဆုံးသတ်ရန် ဗဟိုအစိုးရထံတောင်းဆိုသင့်၊ မသင့်ကို လာမည့်သီတင်းပတ်တွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဆူဂါနှင့်စီးပွားရေးပြန်လည်ထူထောင်ရေးဝန်ကြီး နီရှီမူရာ ရာဆူတိုရှီ အပါအဝင် သက်ဆိုင်ရာဝန်ကြီးများသည် ဗုဒ္ဓဟူးနေ့တွင် ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသောအချက်များကိုဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို