‌တောင်သာမြို့နယ်၌ ဓါးခုတ်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

နေပြည်တော်၊ ၇ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဓါးခုတ်မှု ဖြစ်ပွား၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က တောင်သာမြို့နယ်၊ ဝဲလောင် ကျေးရွာနေ လှိုင်မျိုးကျော်(၂၇)နှစ်နှင့် ယောက်ဖဖြစ်သူတင်ဖြိုးဝေ(၂၀)နှစ်တို့သည် တစ်ရွာတည်းနေ ကျော်မင်းဦး(၄၁) နှစ်နှင့် ကျေးရွာတံတားအနီး၌နေထိုင်သော ဦးအေးလွင်တို့မှာ စကားများရန်ဖြစ် နေ၍ ဝင်ရောက်ဖျန်ဖြေ ခဲ့သည်ကို မကျေနပ်၍ ကျော်မင်းဦးနှင့် သားဖြစ်သူ ကျော်မျိုးညွန့် (၂၁)နှစ်တို့မှ လှိုင်မျိူးကျော်ပါ()ဦးအား ဓါးဖြင့်ထိုးခုတ်ခဲ့သဖြင့် လှိုင်မျိုးကျော်နှင့် တင်ဖြိုးဝေတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် တောင်သာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် လှိုင်မျိုးကျော်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် ကျော်မင်းဦးနှင့် ကျော်မျိုးညွန့်  အား တောင်သာမြို့မရဲစခန်း()၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)