တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၃၆၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်  ၁ လက် သိမ်းဆည်းရမိ

နေပြည်တော်၊ ၉ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၃၆၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈  ရက် ညနေ ၄ နာရီတွင် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ စိုင်းလျှံ (၅၈)နှစ်၏ ရာဘာခြံအတွင်းရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းဟောင်ခမ်း (၅၀)နှစ်တို့ကို ဒေသကာလတန်ဖိုး ငွေကျပ် ၁၄ ဒသမ ၃၆၆ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၅၅၄ တုံး အလေးချိန် ၈၉၃ ဒသမ ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၁ ဒသမ ၆ ကီလို၊ ဘိန်းဖြူမှုန့် ၆၅၀ ဂရမ်၊  ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်၊ ထိုင်းဘတ်ငွေ ၁၅ သိန်း၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

သတင်းစဉ်