သောက်သုံးရေရှားပါးသည့် ကကျဲအုပ်စု အောက်ယာတဲတိုက်သို့ အိမ်အရောက် ရေလှူဒါန်း

mdn

ညောင်ဦး ၂၀ ဇွန်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် တောင်ဇင်း တိုက်နယ် ကကျဲအုပ်စု၊ အောက်ယာတောတဲတိုက်သို့ ဇွန် ၂၀ ရက် နံနက် ၉နာရီခွဲက သောက်သုံးရေအိမ်အရောက်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကကျဲအုပ်စု၊ အောက်ယာတောတဲတိုက်သည် ညောင်ဦးမြို့မှ ၁၈မိုင်ခန့် ကွာဝေးပြီး သောက်သုံးရေအခက်အခဲနှစ်စဉ်ဖြစ်ပေါ်နေသည့် တဲတိုက်ဖြစ်ရာ လှူဒါန်း သည့်သောက်သုံးရေနှင့် မိုးကျသည့်အခါ မိုးရေလှောင်ကန်များမှရေကို အဓိကမှီခို အားထား နေရသည့်တဲတိုက်ဖြစ်ပြီး မိုးကောင်းသည့်နှစ်များတွင် မြေသားရေလှောင် ကန်များရေဝင် ရောက်မှသာ ရေအတွက်အဆင်ပြေကြောင်း၊ နှစ်နှစ်ဆက် မိုးခေါင် ခြင်းကြောင့် မြေသား ရေလှောင်ကန်များမိုးရေဝင်ရောက်မှုမရှိခြင်းများက သောက်သုံး ရေပိုမိုအခက်အခဲဖြစ်ပေါ်စေခဲ့ကာ ရေလှူအသင်းများမှရေကိုအဓိကမျှော်ပြီး သုံးစွဲနေရ ကြောင်း အောက်ယာတောတဲတိုက် ရှိထန်းတောင်သူတစ်ဦးက ပြောသည်။

 

အောက်ယာတောတဲတိုက်တွင် ထန်းတောင် သူအများစုနေထိုင်ကြပြီး အိမ်ခြေ ၂၇အိမ်ထောင်စုနှင့်လူဦးရ ၇၀ကျော်နေထိုင်သည့် တဲတိုက်ဖြစ်ကြောင်း၊ စက်ရေတွင်း မရှိသေးကြောင်း၊ စက်ရေတွင်းလှူဒါန်းလိုပါက လည်း အေးမေတ္တာရေအလှူတော် အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း