‌သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

နေပြည်တော်၊ ၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ထုံးဘိုကျေးရွာအနီး မိတ္တီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ်(၂၇/-)ကြား၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေ၊  တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါလမ်းအတိုင်း အရှေ့မှအနောက်သို့ ကျောက်ဆည်မြို့နယ်၊ ထုံးဘိုကျေးရွာနေ မောင်ငယ်(၂၇)နှစ်မောင်းနှင်လာသော MDY/xxxx NISSAN DIESIL(၁၈)ဘီးနောက်တွဲယာဉ်သည် အခင်းဖြစ်နေရာအရောက် ဘုရားငါးဆူဈေးအတွင်းမှ ကားလမ်းမပေါ်သို့ သာစည်မြို့နယ်၊ ထိန်ကန်ကြီးကျေးရွာနေ မမိုးမြင့်(၂၃)နှစ်မောင်းနှင်ပြီး မသင်းသင်းမွှေး(၃၅)နှစ်လိုက်ပါလာသော ၆၁ယ/xxxx ရှာရမ်း-၁၁၀  ဆိုင်ကယ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် မမိုးမြင့် မှာ ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ပြီး မသင်းသင်းမွှေးတွင်  ဒဏ်ရာများရရှိခဲ့သောကြောင့် မောင်ငယ်အား သာစည်မြို့မ ရဲစခန်း ယာဉ်()/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 (ရဲပြန်ကြား)