ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိ

နေပြည်တော် ၈ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တော-ရပ်စောက်သွား ကားလမ်း၊ ညောင်ပင်သာ ကျေးရွာအနီးတွင် ဗြုန်းကျောက်များတင်ဆောင်ထားသည့် Tipper ယာဉ်တစ်စီး မသင်္ကာဖွယ် ရပ်တန့်ထားကြောင်းတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိခဲ့၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်