ရွှေသွေးဂျာနယ် ထွက်ရှိ

နေပြည်တော် ၂၅ ဇွန်

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဇွန် ၂၆ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ဖြစ်ပေါ်လာသော အခြေအနေပေါ်တွင် အကြံဉာဏ်ကောင်းများ ထုတ်နိုင်သော ကြွက်ဖခင်အကြောင်းကို ရေးဖွဲ့ထားသည့် "ဉာဏ်ကောင်းတော့" မျက်နှာဖုံးကာတွန်း၊ လူသားတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွင် အဓိကကျသော အရိုးဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို တင်ဆက်ထားသည့် "အရိုးဖွဲ့စည်းတည်ဆောက်ပုံ" သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင်ရေးဆွဲထား သည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့်"ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ မှော်နှင်တံ၏ အစွမ်းရှိပုံ အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် "ဖိုးလုံးမှော်" နှစ်မျက်နှာကာတွန်း၊ လူမှုဘဝနေထိုင် မှုတွင် အချင်းချင်းကိုယ်ချင်းစာတရားထားတတ်ရန် လိုအပ်ကြောင်းကို တင်ဆက်ထားသည့် "ကိုယ်ချင်း စာမိပါသည်" ဝတ္ထုကဏ္ဍ၊ သားသားမီးမီးတို့အတွက် အရုဏ်တက်ချိန် မနက်ခင်းအလှကို ရေးဖွဲ့ထားသည့် "မနက်ခင်းအလှ" ကဗျာ၊ လောကတွင် ဖြစ်မလာသေးသောအရာများကို ကြိုတင်တွေးတောပြီး အချိန်ကုန်နေမည့်အစား မိမိလက်ရှိလုပ်ရမည့်အလုပ်ကို အာရုံစူးစိုက်ပြီး သေသေချာချာ လုပ်ဆောင်သင့်ကြောင်း တင်ဆက်ထားသည့် "နက္ခတ်ဗေဒင်ဆရာ" သုတဆောင်းပါးကဏ္ဍအပါအဝင် အင်္ဂလိပ်စာ စကားဝိုင်းကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်