ရွှေမြန်မာအငြိမ့် အစီအစဉ် MRTV  မှ ပြသမည်

နေပြည်တော် အောက်တိုဘာ ၈

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ “ရွှေမြန်မာအငြိမ့်” အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့် ပြသနိုင်ရန် ဆောင်ရွက်ခဲ့သည်။

 

“ရွှေမြန်မာအငြိမ့်” အစီအစဉ်တွင် ရှေ့ထွက်မင်းသမီး မာလာမြင့်အောင်၊ ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ လူရွှင်တော် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူး၊ လမုန့်တို့ ပါဝင်ကြပြီး တေးသီချင်းများကို စာရေးဆရာ ချစ်စုအောင်၊ ရွာစား အောင်ဝမ်းတူးတို့က ရေးဖွဲ့သီကုံးပေးကြပြီး အနုပညာဦးစီးဌာန မြန်မာ့ဆိုင်းပညာရှင် ရွာစားနိုင်လင်းဗိုလ်နှင့် အဖွဲ့တို့က မြန်မာ့ဂီတရသများကို ပြည့်ဝစွာ ပံ့ပိုးဖြည့်ဆည်းပေးထားသည်။

 

“ရွှေမြန်မာအငြိမ့်”အဖွဲ့အစီအစဉ်ကို အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်