ပြည်ပသို့ တရားမဝင်တင်ပို့မည့် ကျွန်းသစ်ခွဲသားချောင်းများ သိမ်းဆည်းရမိ            

ရန်ကုန် ဇူလိုင် ၁၉

 

အေးရှားဝေါ (လ်) ကုန်သေတ္တာဆိပ်ကမ်း၌ ဇူလိုင် ၁၇ ရက်က တရုတ်နိုင်ငံသို့ တင်ပို့မည့် Greater Deltar Force Co.,ltd မှ Green Mung Bean (2021 Crop) ဟု ကြေညာထားသော ပေ (၂၀) ကုန်သေတ္တာ နှစ်လုံးအား သတင်းအရ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆိပ်ကမ်းစစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၁၉ ချောင်း(၂၈ ဒသမ ၀၈၅၃ တန်ခန့်) အားစစ်ဆေးတွေ့ရှိခဲ့သည်။

 

အဆိုပါတရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၁၉ ချောင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၂၁၃၂၅၀ တရားမဝင် ကျွန်းသစ်ခွဲသားများ ထည့်သွင်းလာသော ကုန်သေတ္တာအခွံနှစ်လုံး ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း (၄၀) နှင့် ကုန်သေတ္တာသယ်ဆောင်လာသည့် ယာဉ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၂၁၃၂၅၀ အား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ တားဆီးနိုင်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်