ပိတ်မိနေသည့် အရပ်သားတွေကို ကယ်ဆယ်ဖို့ ဆီးရီးယားကာကွယ်ရေးတပ်ဖွဲ့ကြိုးပမ်းနေ

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ဆီးရီးယားအရှေ့ပိုင်းမှာ အိုင်အက်စ်စစ်သွေးကြွအဖွဲ့လက်ချက်လို့ ယူဆရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ကြာသပတေးနေ့က အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေ အထိနာခဲ့ပါတယ်။ ဂျီဟတ် စစ်သွေးကြွတွေ နောက်ဆုံးခြေကုပ်ယူထားတဲ့ နယ်နိမိတ်အတွင်းမှာ ပိတ်မိနေကြတဲ့ အရပ်သားတွေ လွှတ်ပေးရေးကို ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီလိုတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

အရပ်သားတွေကိုကယ်ဆယ်ဖို့လုပ်

 


ဆီးရီးယားဒီမိုကရက်တစ်အဖွဲ့ဟာ ရန်သူ့လက်အတွင်းမှာ ပိတ်မိနေတဲ့ လက်ကျန်အရပ်သား ပြည်သူတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာကြောင့် ထိုးစစ်ဆင်ရမလား။ ဒါမှမဟုတ်လက်နက်ချ အညံ့ ခံမလားဆိုတဲ့ အပေးအယူ တစ်ခုကနေ ပျက်သုဉ်းလုနီးဖြစ်နေတဲ့ အိုင်အက်စ်အဖွဲ့ကိုအဆုံးသတ်သွားအောင် လုပ်နိုင်မယ့် အခြေအနေ မျိုး ရှိလာပြီ ဖြစ်ပါတယ်။

 

ဂျီဟတ်စစ်သွေးကြွတွေဟာ ၂၀၁၄ ခုနှစ်မှာ ဆီးရီးယားနဲ့ အိမ်နီးချင်း နေရာအနှံ့အပြားကိုဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တယ်။ ဒါပေမယ့်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး နေရာတွေအားလုံးကို ပြန်ရယူနိုင်ခဲ့ပြီ ဖြစ်ပေ မယ့် ဆီးရီးယား အရှေ့ပိုင်း ဘက်ကော့ဂျ် ကျေးရွာမှာရှိတဲ့ ၎င်းတို့နယ်နိမိတ်ကိုတော့ ပြန်မရယူနိုင်သေးပါဘူး။

 

ညှိနှိုင်းဆွေးနွေး

 

ဆီးရီးယားကာကွယ်ရေးတပ်ဖွဲ့(SDF)ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို လွှတ်ပေးဖို့နဲ့၎င်းတို့ဖမ်းဆီးထားတဲ့ တိုက်ခိုက်ရေးအဖွဲ့သားတွေကို ပြန်လွှတ်ပေးဖို့ အပေးအယူအတွက် ညှိနှိုင်း ဆွေးနွေးနေပြီး နိုင်ငံတကာ အင်အားစုတွေက SDF အဖွဲ့ကို ဆက်လက်အားပေးကူညီသွားဖို့လုပ်နေတယ်လို့ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့အမေရိကန်ဦးဆောင် မဟာမိတ်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

 

 အခြေစိုက်စခန်းတစ်ခုဖြစ်

 

ဘယ်လိုရှင်းပြရှင်းပြ လက်မခံတဲ့ အိုင်အက်စ်အဖွဲ့ လက်ကျန်တွေကို SDF အဖွဲ့က နှိမ်နင်း နေချိန်မှာ ပေါ်ထွက်လာတဲ့ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် အိုမာရေနံတွင်း အနီးမှာရှိတဲ့ရေနံလုပ်သား ၁၄ ဦးနဲ့ ကာ့ဒ်ဦးဆောင် မဟာမိတ်အဖွဲ့က စစ်မှုထမ်းခြောက်ဦး သေဆုံးခဲ့ပါတယ်။

 

အိုမာရေနံတွင်းဟာ အဲဒီဒေသအတွင်းမှာ အဓိကအခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုနေတဲ့နေရာ တစ်ခုဖြစ်တယ်လို့ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့အုပ်စုနဲ့ စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

 

အိုင်အက်စ်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ ကြေးနန်းကနေတစ်ဆင့် ပြောခဲ့ပြီး ၎င်းတို့ရဲ့တိုက်ခိုက်ရေးအဖွဲ့သားတွေက ပေါက်ကွဲပစ္စည်းတွေတင်ထားတဲ့ ကားနဲ့ဗုံးထောင်ထားခဲ့တာ လို့ သိရပါတယ်။

 

SDFအဖွဲ့သားတွေကိုတိုက်ခိုက်နေ

 

ဘက်ကော့ဂျ်ကျေးရွာ မြောက်ဘက်ကနေ ကီလိုမီတာ ၁၀ဝ အကွာ ရှာဟီးလ်ကျေးရွာမှာ ဖြစ်တဲ့ ပေါက်ကွဲမှုဟာ အိုင်အက်စ်အဖွဲ့ အစွယ်အပွားတွေက ရှေ့တန်းစစ်မြေပြင်ရဲ့ အနောက်မှာ ရှိတဲ့ SDF ရဲ့ တိုက်ခိုက်ရေး အဖွဲ့သားတွေကိုတိုက်ခိုက်နေတယ်ဆိုတဲ့ သာဓကတစ်ခုပဲလို့SDF ပြောရေးဆိုခွင့်ရှိသူ အက်ဒနန် အာဖရင်က ပြောခဲ့ပါတယ်။ နောက်ဆုံးလက်ကျန် အိုင်အက်စ်အဖွဲ့ဝင်တွေရှိတဲ့ နေရာကနေ ရာနဲ့ချီတဲ့ ပြည်သူတွေကိုကယ်ဆယ်ရွှေ့ပြောင်းပေးလိုက်ပြီး နောက်တစ်နေ့မှာ ထရပ်ကားအစီးရေ ၅၀ ကျော်ဟာ ဘက်ကော့ဂျ်ကနေ SDF တွေရှိတဲ့ နယ်နိမိတ်တွေဆီကို ပြန်သွားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းထောက်တစ်သီးက  ဖော်ပြထားပါတယ်။ 

 

အသေးစိတ်မသိရ

 

တပ်ဖွဲ့ယာဉ်တန်းနဲ့အတူ လိုက်ပါလာတဲ့အမျိုးသားတစ်ဦးက ကျွန်တော်တို့ ဘက်ကော့ဂျ်ကိုဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အိုင်အက်စ်အဖွဲ့ နယ်နိမိတ်တွေ ကနေ ပြည်သူထောင်ပေါင်းများစွာ လွတ်မြောက်လာခဲ့တယ်။ ဒါပေမယ့် ပထမအသုတ် ကယ်ဆယ်ရွှေ့ပြောင်း တဲ့ဗုဒ္ဓဟူးနေ့မတိုင်မီမှာ ပြည်သူတွေ လွတ်မြောက်တဲ့နှုန်း တဖြည်းဖြည်း ကျဲလာတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့က ထရပ်ကားနဲ့ ကယ်ထုတ်လိုက်တဲ့လူအများစုဟာ အရပ်သားတွေဖြစ်ပေမယ့် အိုင်အက်စ်တိုက်ခိုက်ရေးအဖွဲ့ တွေလည်း ပါခဲ့တယ်လို့ အာဖရင်က ပြောပါတယ်။

 

နောက်ဆုံးကျန်တဲ့ အိုင်အက်စ်တိုက်ခိုက်ရေး အဖွဲ့သားတွေ လက်နက်ချအညံ့ခံဖို့ ညှိနှိုင်းဆွေးနွေး တာတွေကိုတော့ လုပ်နေပြီလို့ ဗြိတိန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့က ဖော်ပြခဲ့တယ်။ သဘောတူညီမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပေမယ့်ဘယ်လိုသဘောတူညီမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ အိုင်အက်စ်အဖွဲ့က ၎င်းတို့ရဲ့ တင်းကျပ်တဲ အုပ်ချုပ်မှုအောက်မှာ နယ်မြေပိုင်နက်တွေနဲ့ပတ်သက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အတွေးအခေါ် တွေကိုချမှတ်ခဲ့ပြီး ပြည်ပက ၎င်းတို့ကို ထောက်ခံသူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပါတယ်။

 

SDF ရဲ့ ထိန်းချုပ်မှုအောက်ရောက်

 

ဒါပေမယ့် ဂျီဟတ်စစ်သွေးကြွတွေဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ နယ်နိမိတ်အားလုံးနီးပါးကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီး ပြည်ပနိုင်ငံသား ရာပေါင်းများစွာဟာ အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေရဲ့ ဖြစ်တည်မှု ပေါ်မှာ သံသယရှိလာရုံမက ၎င်းတို့နဲ့သက်ဆိုင်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း အခုဆိုရင် SDF ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရောက်နေပါပြီ။ 

 

ပြင်သစ်နိုင်ငံက ၂၀၁၅ ခုနှစ် နိုဝင်ဘာလက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဝန်ခံထားတဲ့အသံဖိုင်ကို ဖော်ပြခဲ့တဲ့ ပြင်သစ်ထိပ်တန်း ဂျီဟတ်စစ်သွေးကြွတစ်ဦးဟာဆိုရင်လည်း လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်းမှာ သေဆုံးသွားခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။ 

 

ဘဂ္ဂဒက်သို့လွှဲပြောင်း

 

နယ်စပ်တစ်လျှောက်မှာ SDF အဖွဲ့ဟာ အီရတ်နိုင်ငံသား စစ်သွေးကြွ ၁၃၀ ကျော်ကိုကြာသပတေးနေ့က ဘဂ္ဂဒက်ကို လွှဲပြောင်းပေး လိုက်တယ်လို့ အီရတ်လုံခြုံရေး အာဏာပိုင်တွေက ပြောနေပေမယ့် SDF ပြောဆိုခွင့်ရ ပုဂ္ဂိုလ်မူစတာဖာဘာလီကတော့ အဲဒီလိုမလုပ်ခဲ့ဘူးလို့ငြင်းဆန်ထားပါတယ်။ 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းဟာ အိုင်အက်စ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန်ဖွား တစ်ဦးကို နေရပ်ပြန်ခွင့် တားဆီးပိတ်ပင်ထားတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ ဂျီဟတ်စစ်သွေးကြွ တွေနဲ့ ဆက်သွယ်ဖို့ လန်ဒန်ကို ထွက်ပြေးခဲ့တဲ့ ရှာမီမာဘီဂမ်မိသားစုရဲ့ ရှေ့နေက ဗြိတိန်ဟာ ၎င်းကိုနိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းလိုက်တယ်လို့ ပြောခဲ့ပြီးနောက် ဒီကိစ္စပေါ်လာတာ ဖြစ်ပါတယ်။

 

ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်ကတော့ အချိန်အတိအကျပြောလို့ မရသေးတဲ့ သမ္မတထရမ့်ရဲ့ဆီးရီးယားရှိ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းမှုအပြီးမှာ အမေရိကန်ဟာ ဆီးရီးယားမှာ တပ်ဖွဲ့ဝင် ၂၀ဝ ခန့်ဆက်လက်ချ ထားဖို့ရှိတယ်လို့ ဆိုပါတယ်။လာမယ့် ဧပြီ ၃၀ ရက်မှာ ဆီးရီးယားမှာ ချထားတဲ့ တပ်ဖွဲ့ဝင် ၂၀ဝ၀ လောက်ကို ရုပ်သိမ်း မယ်ဆိုတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ၎င်းရဲ့ရီပတ်ဘလစ်ကန်အဖွဲ့ဝင်တွေက အခုချိန်ထိအပြစ်တင်နေကြတုန်းပါပဲ။ ။

 

ကိုးကား-အေအက်ဖ်ပ်